Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ မိုဘိုင်းဖုန်းရောင်းအား ဇူလိုင်လအတွင်း စံချိန်တင်မြင့်တက်

တောင်ကိုရီးယားနိုင်ငံ၌ လက်ကိုင်ဖုန်း သုံးစွဲနေသူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင်လအတွင်း မိုဘိုင်းဖုန်းငွေပေးချေဝန်ဆောင်မှု အသုံးပြုသူအရေအတွက်မြင့်တက်ခဲ့ရာ ယင်းလတွင် စမတ်ဖုန်းဝယ်ယူ အသုံးပြုသူဦးရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ယနေ့သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သည့် အစိုးရအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ဇူလိုင်လတွင် မိုဘိုင်းဖုန်းရောင်းချခြင်းမှ ဝင်ငွေ ကိုရီးယားယွမ် ၇ ဒသမ ၂ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆ ဘီလီယံ) ရှိခဲ့ရာ ယခင်နှစ် အလားတူ ကာလထက် ၂၁ဒသမ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကိုရီးယားနိုင်ငံ၌ ကောက်ယူသော စစ်တမ်းတစ်ခုအရ သိရသည်။ ၂ဝ၁၃ ခုနှစ်နောက်ပိုင်း တရားဝင်စတင်ကောက်ခံခဲ့သော စာရင်းများတွင် အကြီးမားဆုံး ပမာဏဖြစ်ကြောင်း သိရသည်။

ယင်းမှာ မိုဘိုင်းဖုန်းအသုံးပြု၍ ငွေပေးချေဝန်ဆောင်မှု တိုးတက်လာစေရန် ဆောင်ရွက်ချက်ဖြစ်ကြောင်း ၊ စားသုံးသူများအနေဖြင့် စမတ်ဖုန်းများကို အသုံးပြု၍ ပစ္စည်းများ ဝယ်ယူခြင်း နှင့် ဝန်ဆောင်မှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ရန် အားပေးမှုဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော တစ်နှစ်အလားတူ ကာလထက် ယခုနှစ် ဇူလိုင်လအတွင်း စမတ်ဖုန်းများအသုံးပြု၍ အစားအစာမှာယူမှုသည် ၈၇ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း ၊ အဆိုပါ လတွင် အွန်လိုင်းမှတစ်ဆင့် အလှကုန်ပစ္စည်းများ နှင့် အစားအစာ နှင့် အဖျော်ယမကာမှာယူမှုသည်လည်း နှစ်ဆ အထိတိုးတက်ခဲ့ကြောင်း သိရသည်။

စမတ်ဖုန်း နှင့် တစ်ကိုယ်ရေးသုံးကွန်ပြူတာများအသုံးပြု၍ အွန်လိုင်းဈေဝယ်မှုသည် ကိုရီးယားငွေ ယွမ် ၁၁ ဒသမ ၂ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ) အထိ မြင့်တက်ခဲ့ရာ ယခင်နှစ်ကထက် ၁၅.၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။

၂ဝဝ၁ ခုနှစ်တွင် စတင်ကောက်ခံခဲ့သော အချက်အလက်များအရ ဇူလိုင်လများအနက် ယခုနှစ် ဇူလိုင်လသည် ကိုရီးယားနိုင်ငံ၌ အွန်လိုင်းဈေးဝယ်မှု အမြင့်ဆုံးပမာဏ ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လအတွင်း အွန်လိုင်းဈေးဝယ်မှုမှတစ်ဆင့် စုစုပေါင်းလက်လီရောင်းချမှုပမာဏသည် ၂၁ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာ အွန်လိုင်းဈေးရောင်းဈေးဝယ်ပြုလုပ်ခဲ့သည့် ကာလတစ်လျှောက် ဒုတိယအကြီးဆုံးပမာဏ ဖြစ်ကြောင်း သိရသည်။(Xinhua)