Connect with us

Asia

ထိုင်းနိုင်ငံက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နှင့် စစ်ဘက်ပညာရပ်ဆိုင်ရာ ကူညီရန် မြန်မာနိုင်ငံအား ကမ်းလှမ်း

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နှင့် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလကတွေ့ ဆုံ နှုတ်ဆက်စဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက အိမ်နီးချင်းမြန်မာနိုင်ငံအား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် နှင့် စစ်ဘက်ပညာရပ်ဆိုင်ရာကူညီရန် စက်တင်ဘာ ၃ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့အလည်အပတ်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ပရာယွတ်ချန်အိုချာက ထိုင်းအစိုးရအိမ်တော်တွင် ယနေ့စက်တင်ဘာ ၃ ရက်တွင် လက်ခံတွေ့ဆုံစဉ် ထိုင်းနိုင်ငံက အိမ်နီးချင်းနှစ်နိုင်ငံအကြား မြန်မာစစ်တပ်အတွက် ထိုင်းနိုင်ငံက ထောက်ပံ့မှုပြုနိုင်သော စစ်ဘက်ပညာရပ်အပါအဝင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Kongcheep Tantrawanich က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံတွင် နိုင်ငံတစ်ခုခု၏ အမျိုးသားလုံခြုံရေးကို မည်သည့်ခြိမ်းခြောက်မှုမျိုးမဆို ပြန်လည်တုံ့ပြန်ရန်အတွက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ထိုင်းနိုင်ငံက ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Kongcheep ကဆိုသည်။ ထို့ပြင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား အခြေအနေအရပ်ရပ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်အတွက်ဖြစ်ကြောင်း ဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် ရေပြင်ပိုင်နက်လုံခြုံရေးကိစ္စရပ်များ ၊ အထူးသဖြင့် နိုင်ငံတစ်ခုခုက ဖြစ်လာနိုင်ဖွယ်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကြုံတွေ့လာပါက ထိုင်းစစ်တပ်နှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအအောင်လှိုင်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းကဆိုသည်။

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများအား အမြစ်ပြတ်ရှင်းလင်းရာတွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအပေါ် ထိုင်းအစိုးရက ထောက်ခံအားပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.