Connect with us

Asia

တောင်ကိုရီးယားနှင့်အမေရိကန် နှစ်နိုင်ငံခေါင်းဆောင် မြောက်ကိုရီးယားကျွန်းဆွယ်အရေး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

ထရန့်နှင့်မွန်ဂျေအင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားနေစဉ် (အင်တာနက်)

ဆိုးလ် ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားကျွန်းဆွယ်အဏုမြူကင်းမဲ့ရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်များပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် အမေရိကန်သမ္မတ ထရန့်တို့က မတ်လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရသည်။ထို့အပြင် တောင်ကိုရီး ယား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

မတ်လ ၆ ရက်နေ့တွင် မြောက်ကိုရီးယားခရီးစဉ်မှပြန်လည်ရောက်ရှိလာသော တောင်ကိုရီးယား အထူးသံတမန် ၊ အိမ်ပြာတော် အမျိုးသား လုံခြုံရေးရုံး အကြီးအကဲ Chung Eui-yong က ဧပြီလ လကုန်ပိုင်း တွင် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကျင်းပရန်ရှိသည်ဟု ဆိုပါသည်။ Chung Eui-yong က တောင်ကိုရီးယားသမ္မတ၏အထူးသံတမန်အနေဖြင့်လည်း အမေရိကန်သို့ သွားရောက်လည်ပတ် ခဲ့ပါသည်။ ၎င်းက ထရန့်နှင့်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့က မေလ မကုန်မီ တွေ့ဆုံရန် သဘောတူညီမှုရရှိထားသည်ဟု ဆိုသည်။ (Xinhua)