Connect with us

Asia

တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်(ဟောင်း) အား ခြစားမှုဖြင့် ထောင်ဒဏ် ၅ နှစ်ချ

ကိုးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်(ဟောင်း) Suth Dina အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံရှိ တရားရုံးတစ်ရုံးသည် တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်(ဟောင်း) Suth Dina အား အကျင့်ပျက်ခြစားမှုဖြင့် ဒီဇင်ဘာလ ၁ ရက်တွင် ထောင်ဒဏ်ပြစ်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၄၅ နှစ်အရွယ်ရှိ Dina သည် တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ဖြင့် ၂၅ လကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းသည် လာဘ်စားသည်ဟု အတိုင်ခံရပြီးနောက် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကမ္ဘောဒီးယားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး(ACU) အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

Dina သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလက သံတမန်အဖြစ် စတင်ထမ်းဆောင်စဉ်က အမေရိကန်ဒေါ်လာ ၄.၂ သန်းပိုင်ဆိုင်ထားရာမှ အမေရိကန်ဒေါ်လာ ၇.၂ သန်းထိ ငွေသားပိုင်ဆိုင်ရာမှုတိုးမြင့်လာခဲ့ကြောင်း ACU အဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ပြင် Dina သည် အမေရိကန်ဒေါ်လာ ၅ သိန်းတန်းဖိုးရှိ ရွှေချိန် ၁၂.၇ ကီလိုဂရမ်ကိုလည်း ပိုင်ဆိုင်ထားကြောင်း ၊ နေအိမ်များစွာ နှင့် ခြံများစွာကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
ACU အဖွဲ့၏ အဆိုအရ Dina သည် ဗီဇာလက်မှတ်ရောင်းချရာမှ အမေရိကန်ဒေါ်လာ ၁၁၆,၉၉၅ ဒေါ်လာ ဝင်ငွေရရှိခဲ့ကြောင်း နှင့် သံရုံးအသုံးစရိတ်ဘက်ဂျက်ငွေထဲမှ အမေရိကန်ဒေါ်လာ ၁၈ဝဝဝဝ လစာမဟုတ်သော အသုံးငွေအဖြစ် ထုတ်ယူသုံးစွဲထားကြောင်း သိရသည်။

ဖနွမ်းပင်မြို့တော်တရားရုံးသည် Dina အား အာဏာအလွဲသုံးစားပြုမှုဖြင့် ဧပြီလက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
“ Dina ကို ထောင်ဒဏ်ငါးနှစ် ချမှတ်ဖို့တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဒဏ်ကြေးငွေ ကမ္ဘောဒီးယား ရီယယ် ၁၀ သန်း ( အမေရိကန်ဒေါ်လာ ၂၅ဝဝ ) ချမှတ်ခဲ့ပါတယ် ” ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်အပေါ် Dina က အယူခံဝင်သွားမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.