Connect with us

Asia

နိုင်ငံတော်သီချင်းဖွင့်စဉ် မတ်တပ်ရပ်ရန် ပျက်ကွက်ခဲ့သည့် လူ၂၀ဦးအား အိန္ဒိယရဲတပ်ဖွဲ့ဖမ်းဆီး

ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်သီချင်းဖွင့်လှစ်ထားစဉ် မတ်တပ်ရပ်နေသည့် ရုပ်ရှင်ကြည့်သူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အများပြည်သူဆိုင်ရာ ရုပ်ရှင်ကားများပြသရာ၌ မပြသမီ နိုင်ငံတော်သီချင်းထုတ်လွှင့်စဉ် မတ်တပ်မရပ်ခဲ့၍ အနည်းဆုံးလူ ၂၀ဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အထက်တရားရုံးချုပ်က ရုပ်ရှင်ပြသမှုတိုင်း၌ ရုပ်ရှင်မစခင်အတွင်း နိုင်ငံတော်သီချင်း အား အိန္ဒိယနိုင်ငံတော် အလံ နှင့်အတူ ထုတ်လွှင့်ပြသရမည်ဟု ဥပဒေထုတ်ပြန်ပြီး ၂ပတ်အကြာတွင် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဥပဒေကြောင့် ရုပ်ရှင်ရုံအတွင်း ရုပ်ရှင်ကြည့်သူများအနေဖြင့် နိုင်ငံတော်သီချင်းထုတ်လွှင့်ချိန်၌ မတ်တပ်ရပ်ကြရမည်ဖြစ်ကြောင်း သိရသည်။

လူ ၁၂ဦးအား အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerela ပြည်နယ်တွင် ဒီဇင်ဘာ ၁၂ရက်ကဖမ်းဆီးခဲ့ပြီး အခြား လူ ၈ဦး ကို ဒီဇင်ဘာ၁၁ရက်နေ့၌ Tamil Naduပြည်နယ် တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Kerala ပြည်နယ်မြို့တော် Thiruvananthapuramမြို့ ရှိ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးထားသည့် လူ၁၂ဦးအား အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော် မှ လုပ်အားပေးများက လူ၁၂ဦးသည် နိုင်ငံတော်သီချင်းဖွင့်ထားချိန်၌ မတ်တပ်ရပ်ရန် တောင်းဆိုမှုအား လျစ်လျူရှုခဲ့ပြီး တရားရုံး၏ အမိန့်အား ဖီဆန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီးနောက် ယင်းလူ ၁၂ဦးအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရသိရသည်။

သတင်းဖော်ပြချက်များအရ ဖမ်းဆီးမှုများမပြုလုပ်ခင် တရားခံများအနက်အချို့မှာ ရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။

Tamil Nadu ပြည်နယ်မြို့တော် Chennaiမြို့တောင်ပိုင်း မြို့တစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ခုတွင် အခြားလူ၈ဦး အဖမ်းခံခဲ့ရပြီး ၎င်းတို့အား မဖမ်းဆီးခင် လက်ယာယိမ်းတက်ကြွလှုပ်ရှားသူများက ရိုက်နှက်ခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အထက်တရားရုံးချုပ်၏ ပြောကြားချက်အရ အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံသားများအတွင်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ပေါက်ဖွားလာစေရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.