Asia
ဗီယက်နမ်ကမ်းခြေတွင် ရုရှားလူမျိုး ၂ဦး ရေနစ်သေဆုံး

ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ Khanh Hoa ပြည်နယ် Nha Trang မြို့ရှိ Pham Van Dong ကမ်းခြေ ၌ ရုရှားကမ္ဘာလှည့်ခရီးသွား ၂ဦးကို ဖေဖော်ဝါရီ ၁၂ ရက် က သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းရုရှားအမျိုးသား ၂ဦးသည် ရေလှိုင်းများ ပြင်းထန်စွာရိုက်ခတ်မှုကြောင့် ကမ်းခြေမှ ဝေးရာသို့ သယ်ဆောင်သွားခြင်းခံခဲ့ရကြောင်း Vietnam News Agency ကဖော်ပြခဲ့သည်။
Nha Trang ပင်လယ်အော်စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ ကယ်ဆယ်ရေးဝန်ထမ်းများအား အခင်းဖြစ်ပွားရာသို့ ချက်ချင်းစေလွှတ်ခဲ့သော်လည်း ပြင်းထန်သော ရေလှိုင်းများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး ရုရှား ၂ဦးကို ကမ်းခြေသို့ သယ်ဆောင်လာချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။
ရေကူးခြင်းနှင့် ပတ်သက်သည့် တားမြစ်ချက်ဆိုင်းဘုတ်များကို ဗီယက်နမ်ဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် ရုရှားဘာသာများ ဖြင့် ရေးသားကာ ကမ်းခြေတစ်လျှောက်တွင်ထားရှိထားသော်လည်း နိုင်ငံခြားသားများသည် ယင်းတားမြစ်ချက်များကို အလေးမထားဘဲ ပင်လယ်ထဲ၌ ရေကူးလေ့ရှိကြောင်း သိရသည်။ (Xinhua)