Connect with us

Asia

ဗီယက်နမ်တွင် ဖြစ်ပွားခဲ့သည့် အိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၆ဦးသေဆုံး

ဗီယက်နမ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်းစီးတီး၊ ဒီဇင်ဘာ ၁၆ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းအစောပိုင်း က နှစ်ထပ်တိုက် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ မိသားစုဝင် ၆ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူခြောက်ဦးတွင် နိုင်ငံမြောက်ပိုင်း Bac Giang ပြည်နယ် မှ အသက် ၄၇နှစ်အရွယ် အိမ်ပိုင်ရှင် Tran Anh နှင့် ကလေးငယ် သုံးဦးလည်းပါဝင်ကြောင်း သိရသည်။ အခြားလေးဦးသည် မီးလောင်မှုဖြစ်ပွားချိန်တွင် ဒုတိယထပ်မှ မြေပြင်သို့ ခုန်ချခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း မြို့၏ ခရိုင် (၃) ဒေသခံရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

Thang သည် အိမ်အောက်ထပ်တွင် ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ဒုတိယထပ်အား ဒေသခံအချို့နေထိုင်ရန် ငှားရမ်းပေးထားကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ၂၀၁၆ခုနှစ် ပထမ ၁၁လအတွင်း မီးလောင်မှု နှင့် ပေါက်ကွဲမှုပေါင်း ၂,၈၇၂ခု ရှိခဲ့ပြီး လူ ၁၁၅ဦးသေဆုံးခဲ့ကာ ၂၅၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ မီးဘေးအန္တရာယ်ကာကွယ်ရေး နှင့် မီးသတ်ဋ္ဌာနက ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဗီယက်နမ်ဒေါင် ၁,၂၁၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၄.၄ သန်း) ဖိုးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.