Connect with us

Asia

သမ္မတ ပူတင် ခရီးစဉ်အတွင်း ရုရှားနိုင်ငံသားတွေအတွက် ဗီဇာ လိုအပ်ချက် ဖြေလျှော့မှုများ ဂျပန် ပြုလုပ်

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး (ယာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ရက်တို နေထိုင်မည့် ရုရှားနိုင်ငံသား ခရီးသွား ဧည့်သည်များအတွေက် ဗီဇာ လိုအပ်ချက်များအား ဖြေလျှော့သွားမည် ဖြစ်ပြီး လာမည့် နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၁၆ ရက်က ကြေညာလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ရုရှား သမ္မတ ဗလာဒီမာ ပူတင်၏ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်သည့် အချိန်အခါသမယ၌ နှစ်နိုင်ငံအကြား ယုံကြည်မှု တည်ဆောက်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြသည်။

စီးပွားရေး ကိစ္စ၊ ယဉ်ကျေးမှုနှင့် ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ကိစ္စရပ်များဖြင့် ဂျပန်နိုင်ငံသို့ ရက်တိုနေထိုင်မည့် ရုရှားနိုင်ငံသားများအတွက် ဗီဇာသက်တမ်း တိုးမြှင့်နိုင်ကြောင်း၊ ဗီဇာသက်တမ်းကိုလည်း အများဆုံး ၃ နှစ်မှ ၅ နှစ်အထိ တိုးမြှင့်ပေးလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ကြေညာချက်အရ သိရသည်။

ရက်တို နေထိုင်မည့်သူများအနေဖြင့် ငွေကြေးဆိုင်ရာအား ကိုယ်တိုင် တာဝန်ယူရမည် ဖြစ်ပြီး တစ်စုံတစ်ဦး၏ ထောက်ခံချက်အား တောင်းယူရန် မလိုတော့ကြောင်းလည်း ဖော်ပြထားသည်။

ရုရှား သမ္မတ ပူတင်သည် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် တွေ့ဆုံကာ နယ်မြေဆိုင်ရာ ကိစ္စရပ်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးရန်အတွက် ဂျပန်နိုင်ငံသို့ နှစ်ရက်ကြာခရီးအတွက် ရောက်ရှိနေခြင်း ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံအကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုအား အဖြေရှာရန် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.