Connect with us

Asia

ဘာလီရေလက်ကြားတွင် သင်္ဘော ဝမ်းဗိုက်ပေါက် နစ်မြုပ်သွားခဲ့သည့် အင်ဒိုနီးရှား သင်္ဘောအား ကယ်ဆယ် ရေး စတင် လုပ်ဆောင်

ဘာလီ ရေလက်ကြား မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ မတ် ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား ကမ်းတက် ရေယာဉ်တင် သင်္ဘော တစ်စီး (LCT) ဘာလီ ရေလက်ကြား၌ မတ်လ ၄ ရက် နေ့လည် ပိုင်းက နစ်မြုပ်ခဲ့ပြီးနောက် တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီး ဖြစ်ကြောင်း သိရသည်။

Revalia LCT လှေသည် ဘာလီရှိ Gilimanuk ဆိပ်ကမ်းမှ ဒေသစံတော်ချိန် နေ့လည် ၁၂း၅၀ နာရီတွင် ထွက်ခွာလာခဲ့ပြီး ၁၅ မိနစ်အကြာ ဂျာဗားကျွန်းနှင့် အပန်းဖြေ ကျွန်းတစ်ခု အကြား ချိတ်ဆက်ထားသည့် ဘာလီရေ လက်ကြားတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောသည် ဂျာဗားကျွန်း အရှေ့ဖျားရှိ Banyuwangi ခရိုင်၊ Ketapang ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ခရီးသည်နှင့် အကြီးစား စက်ကိရိယာ သယ်ယူရန် အများဆုံး အသုံးပြုလေ့ရှိသည့် ထိုသင်္ဘောတွင် ခရီးသည် အနည်းဆုံး ၄၈ ဦးပါဝင်ကာ မတော်တဆမှု၌ အားလုံး အသက်ရှင်ခဲ့သလို ကယ်ဆယ်ရေး လုပ်ငန်းများလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း Banyuwangi ခရိုင် အကြီးအကဲ အဗ္ဗဒူလာ အက်ဇ်ဝါ အာနက်စ်က ပြောသည်။

သို့သော်လည်း နစ်မြုပ်သွားသည့် သင်္ဘောနှင့် အတူ သယ်ဆောင်လာသည့် ယာဉ် ၃၂ စီး နစ်မြုပ်သွားခဲ့ပြီး မတော်တဆမှု ဖြစ်ပွားခြင်း အကြောင်းရင်းအား မသိရသေးပေ။အိန္ဒိယ သမုဒ္ဒရာနှင့် ဘာလီ ပင်လယ်တို့အား ချိတ်ဆက်ထားသည့် ဘာလီ ရေလက်ကြားမှာ ကျဉ်းမြောင်းလှပြီး ၂.၄ ကီလိုမီတာသာ ကျယ်ဝန်းသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.