Connect with us

Asia

အင်ဒိုနီးရှားတွင် ဖယ်ရီသင်္ဘော တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ လေးဦး ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် တိမ်းမှောက်ခဲ့သည့် ဖယ်ရီသင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) အင်ဒိုနီးရှားတွင် ဖယ်ရီသင်္ဘော တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ လေးဦး ပျောက်ဆုံး

ဂျာကာတာ၊ မတ် ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် မတ်လ ၄ ရက်က ဖယ်ရီသင်္ဘော တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးလျက် ရှိသောကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို မတ်လ ၅ ရက်တွင် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖယ်ရီသင်္ဘောသည် တင်ဆောင် နိုင်သည့် ပမာဏဖြစ်သည့် ခရီးသည် ၃၇ ဦးနှင့် သင်္ဘော ဝန်ထမ်း ၁၄ ယောက်ထက် ကျော်လွန်ပြီး အဆမတန် တင်ဆောင်လာကြောင်း ဘာလီ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲ Didi Hanzar က ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
Hanzar က လူ ၇၆ ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး လူတစ်ဦးကိုမူ သေဆုံးလျက် တွေ့ရကြောင်းနှင့် သတင်းအချက်အလက်များ အရ လူ ၄ ဦး ပျောက်ဆုံးနေပြီး ၎င်းတို့အနက် တစ်ဦးမှာ ကလေးတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက မတ်လ ၅ ရက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဘာလီ နှင့် အရှေ့ဂျာဗားရှိ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးရုံး၊ ရေတပ်နှင့် ရဲများ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းများ အားထောက်ပံ့ပေးနိုင်ရန် ရဟတ်ယာဉ်များ နှင့် သင်္ဘောများကိုပါ စေလွှတ်ထားကြောင်း ၎င်းက ပြောကြားသည်။

Rafelia 2 ဖယ်ရီသင်္ဘောသည် ဘာလီကျွန်းရှိ Gilimanuk ဆိပ်ကမ်းမှ အရှေ့ဂျာဗား၏ Banyuwangi ခရိုင်ရှိ Ketapang ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် ရေများ စိမ့်ဝင်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)