Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး မကြာမီ ကျင်းပရန် သဘောတူ

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (ဝဲ) နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် အစောဆုံးကျင်းပနိုင်ရေးကို ပိုမိုညှိနှိုင်းဆောင်ရွက်သွားရန် အောက်တိုဘာလ ၇ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့က ထိုသို့ ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေး ဆွေးနွေးပွဲများကို ဆောလျင်စွာ ကျင်းပနိုင်ဖို့ သဘောတူခဲ့ပါတယ်။ ပြီးတော့ ဆက်စပ်တဲ့ ကိစ္စရပ်တွေနဲ့ နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်” ဟု KCNA သတင်းအေဂျင်စီအရ သိရသည်။

ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်ကင် အနေဖြင့် “တစ်ကမ္ဘာလုံးကစိုးရိမ်ပူပန်နေသော အရေးကိစ္စရပ်များကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု အကောင်အထည်ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်း၏ သဘောထားများကို ထုတ်ဖော်နိုင်ဖွယ်ရာရှိကြောင်း” KCNA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲများနှင့် ညှိနှိုင်းမှုများ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား နက်ရှိုင်းလှသည့် ယုံကြည်မှုကို အခြေခံထားကာ “အနာဂတ်မှာ ထောက်ခံမှု ဆက်လက်ရရှိသွားနိုင်မည်ဖြစ်ကြောင်း” ယုံကြည်ထားသည်ဟု ဆိုသည်။

Pompeo သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက်ကင်းစင်ရေးနှင့် ငြိမ်းချမ်းရေး တည်ထောင်ရန် ကိစ္စရပ်များ ဆွေးနွေးရန် မြောက်ကိုရီးယားနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသို့ သွားခဲ့ကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၈ ရက်တွင် တရုတ်နိုင်ငံသို့သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.