Connect with us

Asia

ရုရှားတွင် လေယာဉ် ပျက်ကျမှု၌ ၆၀ ဦး သေဆုံး

Flydubai ပိုင် လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဒူဘိုင်းမှ ထွက်ခွာလာသည့် ဘိုရင်း ၇၃၇ ခရီးသည်တင်လေယာဉ် တစ်စီးသည် ရုရှားနိုင်ငံ အနောက်တောင် ပိုင်းရှိ လေဆိပ်သို့ ဆင်းသက်စဉ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၆၀ ဦးခန့် အားလုံး သေဆုံးခဲ့ ကြောင်း အရေးပေါ် အခြေအနေဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ မီဒီယာ သတင်းဖော်ပြချက်များအရ သိရ သည်။

ရုရှားနိုင်ငံ Rostov-on-Don လေဆိပ်သို့ ဆင်းသက်မည့် ဖလိုင်းဒူဘိုင်းပိုင် လေယာဉ် ၉၈၁ သည် မြင်ကွင်း ဝေဝါးမှုကြောင့် ပြေးလမ်းကြောင်းပေါ် ရောက်ရန် မီတာ ၅၀ မှ ၁၀၀ အကွာ၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အရေးပေါ် အခြေအနေဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်း အေဂျင်စီက ဖော်ပြထားသည်။

လေယာဉ်ပေါ် လိုက်ပါလာသူ အရေအတွက် အတိအကျနှင့် လေယာဉ် ပျက်ကျရခြင်း အကြောင်းကိုမူ သေချာ မသိရသေးကြောင်း၊ အချို့မီဒီယာများ၌ လေယာဉ်ပေါ်တွင် လိုက်ပါလာသူမှာ ကလေး လေးဦး နှင့် လေယာဉ်ဝန် ထမ်း ၇ ဦး အပါအဝင် ၅၅ ဦးမှ ၆၂ ဦး ရှိနိုင်ကြောင်း ဖော်ပြထားကြောင်း ခရီးသည်အများစုမှာ ရုရှားလူမျိုးများ ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်ကွင်းဝေဝါးရခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ အမည်မဖော် လိုသူ အရေးပေါ် အခြေအနေဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက RIA Novosti သတင်းဋ္ဌာနသို့ ပြောသည်။

ဖလိုင်းဒူဘိုင်း သို့မဟုတ် ဒူဘိုင်း လေကြောင်း ကော်ပိုရေးရှင်းကလည်း ဘိုးရင်း ၇၃၇-၈၀၀ ခရီးသည်တင် လေယာဉ်မှာ ရုရှားနိုင်ငံ Rostov ဒေသ၌ ပျက်ကျခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သလို ဘိုးရင်းလေကြောင်း ပြောရေးဆိုခွင့်ရှိသူ Doug Alder ကလည်း ကုမ္ပဏီအနေဖြင့် လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းအား အသေးစိတ်စုံစမ်းနေကြောင်း Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.