Connect with us

Asia

နိုင်ငံပေါင်း ၇၉ နိုင်ငံကို အင်ဒိုနီးရှား ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက် ဖြေလျှော့

အင်ဒိုနီးရှား ဗီဇာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျကာတာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံခြား ဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံပေါင်း ၇၉ နိုင်ငံမှ နိုင်ငံသားများ အတွက် အင်ဒိုနီးရှားနိုင်ငံသို့ ပြည်ဝင်ခွင့် လိုအပ်ချက်များအား ဖြေလျှော့ပေးလိုက်သလို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပေးထားသည့် နိုင်ငံများစာရင်းကိုလည်း ထပ်တိုး လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံအတွင်း ရက်ပေါင်း ၃၀ နေထိုင်မည့် ခရီးသွားများ အတွက် ဗီဇာကင်း လွတ်ခွင့်ပြုသည့် ဥပဒေ အား သမ္မတ ဂျိုကို ဝီဒိုဒိုက မတ်လ ၂ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ကြောင်း မတ်လ ၁၈ ရက်က အစိုးရအဖွဲ့ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် သတင်း ကြေညာချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားနိုင်ငံက ပြည်ဝင်ခွင့် ကင်းလွှတ်ခွင့်ပေးခဲ့သည့် နိုင်ငံပေါင်း ၁၅ ခုမှ ၉၀ သို့ တိုးမြှင့်ခဲ့ ကြောင်း သိရသည်။

အင်ဒိုနီးရှား အစိုးရအနေဖြင့် ၂၀၁၉ တွင် ပြည်ပ ခရီးသွား ဧည့်သည် ၂၀ သန်း အထိရောက်ရှိရန် ရည်မှန်းထား ပြီး ၂၀၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ပြည်ပဧည့်သည် ၉.၇၃ သန်း ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.