Connect with us

Asia

သီရိလင်္ကာတွင် ထောင်ဆူမှုကြောင့် လူ ၁၁ဦး ဒဏ်ရာရရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ Welikada အကျဉ်းထောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုလံဘို၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ကိုလံဘိုမြို့၏ အဓိက အကျဉ်းထောင်တစ်ခု ၏ အမျိုးသမီးအဆောင်တွင် သြဂုတ် ၂၀ ရက်က ထောင်တွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတွင် ပါဝင်သည့် အကျဉ်းသားအုပ်စုတစ်စု က သီရိလင်္ကာနိုင်ငံအတွင်းရှိ အခြား အကျဉ်းထောင်များသို့ ၎င်းတို့အား ပြောင်းရွှေ့မှုကို ဆန္ဒပြကြရာမှ ယင်းဖြစ်ရပ်ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Welikada အကျဉ်းထောင်မှ ပြောရေးဆိုခွင့်ရှိသူ က အကျဉ်းထောင် ခေါင်မိုးပေါ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတွင် အမျိုးသမီး အကျဉ်းသားများ ပါဝင်ခဲ့ပြီးနောက် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များ နှင့် Welikada အကျဉ်းထောင်များ တွင် လုံခြုံရေးတိုးမြှင့်ထားခဲ့ကြောင်း ဆင်ဟွာ သို့ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဆန္ဒပြပွဲသည် သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပဋိပက္ခဖြစ်ပွားပြီးနောက် အမျိုးသမီး အကျဉ်းသား ၅၂ဦးကို အခြား အကျဉ်းထောင်များသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူက ဆန္ဒပြပွဲအား ရပ်တန့်ရန် အကျဉ်းသားများကို အနူးအညွတ် တောင်းဆိုခဲ့ကြောင်း၊ သို့သော် အကျဉ်းသားများသည် အကျဉ်းထောင် ဂိတ်ဝများဆီသို့ ဦးတည်ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး အကျဉ်းထောင် အရာရှိများက တားဆီးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အရာရှိများ နှင့် အကျဉ်းသားများကို ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ယခုအခါ အကျဉ်းထောင်အခြေအနေ တည်ငြိမ်သွားပြီဖြစ်ပြီး လုံခြုံရေးအင်အား ထပ်တိုးဖြန့်ကျက်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.