Connect with us

Asia

သီရိလင်္ကာနိုင်ငံ တောင်ပိုင်းတွင် တရုတ်နိုင်ငံက တည်ဆောက်ပေးမည့် ရထားလမ်းစီမံကိန်းအတွက် လမ်းခင်းခြင်းလုပ်ငန်း စတင်

သီရိလင်္ကာနိုင်ငံ တောင်ပိုင်းရှိ Matara မြို့တွင် ဇန်နဝါရီလ ၁၂ ရက်က Matara-Kataragama ရထားလမ်းချဲ့ထွင်ခြင်း စီမံကိန်း၏ လမ်းခင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်နေစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ တောင်ပိုင်း Marata မြို့တွင် တရုတ်နိုင်ငံ တည်ဆောက်ပေးသော Marata-Kataragama ရထားလမ်းချဲ့ထွင်ခြင်း စီမံကိန်း၏ ပထမအဆင့် လမ်းခင်းခြင်းလုပ်ငန်း စတင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ ပထမအဆင့်တွင် Marata မှ Beliatta သို့ ရထားလမ်းတည်ဆောက်ခြင်းလုပ်ငန်း ပါဝင်သည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Lakshman Yapa Abeywardena က အဆိုပါ ရထားလမ်း စီမံကိန်း ပထမအဆင့်အား လာမည့်လများအတွင်း ပြီးဆုံးနိုင်မည်ဟု သီရိလင်္ကာအစိုးရက မျှော်လင့်ကြောင်း၊ ယင်းစီမံကိန်းသည် ပြည်သူများနှင့် ခရီးသွားဧည့်သည်များအတွက် အကျိုးကျေးဇူးရှိနိုင်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

“သီရိလင်္ကာ သမ္မတနဲ့ အစိုးရကိုယ်စား ယခုလို သမိုင်းတွင်တဲ့ လုပ်ငန်းအတွက် တရုတ် အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်၊ ဒီလို ရထားလမ်းချဲ့ထွင်မှုက အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အတွက်သာမက နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက်လဲ ကြီးမားတဲ့ အကျိုးကျေးဇူးရရှိနိုင်တဲ့ သမိုင်းတွင်သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ဖြစ်ပါတယ်” ဟု Abeywardena က ပြောခဲ့သည်။

“ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ အစိုးရအဆက်ဆက်က ကြိုးစားခဲ့ကြတာပါ။ တရုတ်နိုင်ငံ အစိုးရနဲ့ တရုတ် ကုမ္ပဏီရဲ့အကူအညီကြောင့် ဒီစီမံကိန်းက မကြာခင် အကောင်အထည်ပေါ်လာတော့မှာဖြစ်ပါတယ်” ဟု ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

Marata-Kataragama ရထားလမ်း စီမံကိန်းသည် ၁၉၄၈ ခုနှစ်က သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး တည်ဆောက်ခဲ့သော ရထားလမ်းသစ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား တရုတ်နိုင်ငံ EXIM ဘဏ်၏ အတိုးနှုန်းသက်သာသော ချေးငွေဖြင့် တည်ထောင်ကာ တရုတ်နိုင်ငံ အမျိုးသား စက်ယန္တရား တင်သွင်းခြင်းနှင့် တင်ပို့ခြင်းကော်ပိုရေးရှင်း (CMC) နှင့် သီရိလင်္ကာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနနှင့် မြို့ပြလေကြောင်းနှင့် ဗဟို အင်ဂျင်နီးယားရင်း အကြံပေးဗျူရို၏ အကြံဉာဏ်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုလို ရထားလမ်းချဲ့ထွင်ခြင်း စီမံကိန်းသည် တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော်ဆောင်ရွက်မှုအောက်တွင် လုပ်ဆောင်ခြင်း ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်မှုရှိသည့် အဓိက စီမံကိန်းတစ်ခုဖြစ်ကြောင်း အနာဂတ် ရထားလမ်းစီမံကိန်းက နိုင်ငံတောင်ပိုင်းရှိ စက်မှုလုပ်ငန်းဧရိယာများစွာနှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း CMC ၏ ဒုတိယဥက္ကဋ္ဌ Zhao Jun က ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117