Connect with us

Asia

အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၄၀ ကျော်ထဲက ၅၉ ဦးကို စိစစ်ဖော်ထုတ်ပြီး

စစ်လေယာဉ် C-130 Hercules ပျက်ကျပြီးနောက် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား စစ်လေယာဉ် ပျက်ကျမှုမှာ သေဆုံးသူ ၁၄၀ ကျော်ရှိလာပြီး ထိုအထဲမှ ၅၉ ဦးကို စိစစ် ပြီးပြီလို့ အင်ဒိုနီးရှားရဲ့မီဒန်မြို့ရှိ ဆေးရုံမှာ ရောက်ရှိနေတဲ့ အရာရှိ တစ်ဦးက တယ်လီဖုန်းက တစ်ဆင့် ဆင်ဟွာကို ပြောကြားပါသည်။

ရှာဖွေ တွေ့ရှိထား တာတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေသာ ဖြစ်ပြီး လူဦးရေ အရေအတွက် ဘယ်လောက် ရှိဦးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စစ်လေယာဉ် C-130 Hercules ဟာ မီဒန်မြို့ မြို့လယ်ခေါင်မှာ အင်္ဂါနေ့ေ န့လည်က ပျက်ကျခဲ့ပါတယ်။ လေယာဉ် ထွက်ခွာစဉ်က လူ ၁၂၂ ဦး ပါသွားခဲ့တယ်လို့ စစ်ဘက် တာဝန်ရှိသူတွေက ပြောပါသည်။

အင်ဒိုနီးရှားရှိ လူနေရပ်ကွက်ပေါ်သို့ပျက်ကျသွားသော C-130 Hercules စစ်လေယာဉ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

တွေ့ရှိထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲက ၅၉ ဦးကိုတော့ စိစစ် ထားပြီးပြီလို့ စိုင်ရီစာရာဂီရှ် (Sairi Saragih) က အေဒမ်မာလစ် (Adam Malik) ဆေးရုံမှာ တရားဝင် ပြောပါတယ်။ စိစစ်ပြီးတဲ့ အထဲက ရှစ်ဦးကိုတော့ သဘာဝ ဘေးဒဏ်သင့်သူ စိစစ်ဖော်ထုတ်ရေး (Disaster Victim Identification) အဖွဲ့ ကတစ်ဆင့် မိသားစုတွေထံကို လွှဲပြောင်း ပေးဖို့ လေဆိပ်ကို ယူဆောင်သွားပြီ ဖြစ်သည်။

တခြား စိစစ် ဖော်ထုတ်ပြီးတဲ့ ရုပ်အလောင်းတချို့ကိုတော့ သူတို့ ကနဦး ထွက်ခွာခဲ့တဲ့ လေဆိပ်မှာပဲ ဗုဒ္ဓဟူးနေ့မှာ လွှဲပြောင်းဖို့ ရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.