Connect with us

Asia

အမေရိကန် ဖျက်သင်္ဘော နှင့် ဖိလစ်ပိုင် ကုန်တင်သင်္ဘောတို့တိုက်မိမှုတွင် ပျောက်ဆုံးနေသော ရုပ်အလောင်း ၇ လောင်းအား ရှာဖွေ တွေ့ရှိ

အမေရိကန်ဖျက်သင်္ဘော နှင့် ဖိလစ်ပိုင်ကုန်တင်သင်္ဘောတို့ တိုက်မိပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်ရေတပ် ဒုံးကျည်ဖျက်သင်္ဘော USS Fitzgerald နှင့် ဖိလစ်ပိုင် ကုန်တင်သင်္ဘောတို့တိုက်မိမှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးလျက်ရှိသော သင်္ဘောသားရုပ်အလောင်း ၇ လောင်းစလုံးကို ဇွန်လ ၁၈ ရက် နံနက်အစောပိုင်းတွင် ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းမီဒီယာများက ဆိုသည်။

အမေရိကန်စစ်တပ်အနေဖြင့် ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ချက်ချင်းဆောင်ရွက်လျက် ရှိသည်။Fitzgerald ဖျက်သင်္ဘော သည် ဂျပန်နိုင်ငံ Yokosuka အနောက်တောင်ပိုင်း ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ ရေပြင် တွင် ဖိလစ်ပိုင် နိုင်ငံ မှ ကုန်တင်သင်္ဘော နှင့် တိုက်မိခဲ့ပြီး သင်္ဘော တိုက်မှု ကြောင့် Fitzgerald ဖျက်သင်္ဘော လက်ဝဲဘက် အခြမ်း မှာ ဆိုးရွားစွာ ပျက်စီး ခဲ့ကြောင်း သိရှိရသည်။အမေရိကန် နိုင်ငံ ရေတပ် မှ Fitzgerald ဖျက်သင်္ဘော သည် အရှည် ၁၅၄ မီတာ နှင့် တန်ချိန် ၈၀၀၀ ရှိကာ ဖိလစ်ပိုင် နိုင်ငံ မှ ကုန်တင်သင်္ဘော သည် အရှည် ၂၂၂.၆ မီတာ ရှိပြီး တန်ချိန် ၂၉,၀၀၀ ရှိကြောင်း သိရှိရသည်။(Xinhua)