Connect with us

Asia

အိန္ဒိယနိုင်ငံတွင် လူပေါင်း ၈.၁ သန်းကျော် ရေဘေးသင့် ၊ ၂၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ရေကြီးမှု ဖြစ်ပွားနေသည့်မြင်ကွင်းများကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈ ဒသမ ၁ သန်းကျော် ရေဘေးကြုံတွေ့လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဘီဟာပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန(BDMD) က ပြည်နယ်အတွင်းရှိ ခရိုင်ပေါင်း ၁၆ ခုတွင် ရေကြီးမှုဖြစ်ပွားနေပြီး လူပေါင်း ၈,၁၃၁,၈၄၁ ဦး ရေဘေးသင့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ဆက်လက်ဖြစ်ပွားလျက်ရှိသော  ရေကြီးရေလျှံမှုကြောင့် ခရိုင်ပေါင်း ၁၆ ခုအတွင်းရှိ ကျေးရွာပေါင်း ၁,၃၁၀ ကျော်သည် ရေဘေးခံစားနေရကြောင်း BDMD ၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အိန္ဒိယနိုင်ငံတွင် ရေကြီးမှု ဖြစ်ပွားနေသည့်မြင်ကွင်းများကို တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ရေကြီးမှုများကြောင့် လူပေါင်း ၂၅ ဦး အသက်သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ခရိုင်အတွင်းရှိ အချို့သော မြစ်များနှင့် မြစ်လက်တက်ပေါင်းများစွာသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိလျက်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့ပြီး ရေကြီးမှုဖြစ်ပွားနေသော အချို့ဒေသများကို လက်လှမ်းမမီသေးကြောင်း နှင့် အချို့နေရာများတွင်မူ ရေကာတာကျိုးမည့် အန္တရာယ်ဖြင့် ကြုံတွေ့နေရကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ရေကြီးမှု ဖြစ်ပွားနေသည့်မြင်ကွင်းများကို တွေ့ရစဉ်(ဆင်ဟွာ)

လျှံတက်လာသော ရေများသည် လူနေအိမ်များ နှင့် ဈေးဆိုင်များထဲထိ ဝင်ရောက်ခဲ့ကြောင်း နှင့် လူများစွာသည် လှေများအသုံးပြု၍ သွားလာနေရကြောင်း ဒေသခံများက ဆိုသည်။ဒေသခံပြည်သူပေါင်း သန်းတစ်ဝက် နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ရေကြီးမှု ဖြစ်ပွားနေသည့်မြင်ကွင်းများကို တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ရေကြီးမှု ဖြစ်ပွားနေသည့်မြင်ကွင်းများကို တွေ့ရစဉ်(ဆင်ဟွာ)

“ လူပေါင်း ၅၅၀,၈၃၈ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ကြောင်း” အချက်အလက်များအရ သိရသည်။ “ ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားပြီး အဲဒီနေရာတွေမှာ လူပေါင်း ၁၂,၅၇၃ ဦး ခိုလှုံနေပါတယ် ၊ ဒါ့အပြင် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်နေရတဲ့ အိမ်ထောင်စုပေါင်း ၇၈၂ ခုအတွက် လိုအပ်တဲ့ အစားအစာတွေ ထောက်ပံ့ပေးထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရတာဝန်ရှိသူများက သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးဆောင်ရွက်ရန် အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၃၃ ခုကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် အဖွဲ့၂၀ မှာ အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့(NDRF) ကဖြစ်ပြီး ကျန် ၁၃ ဖွဲ့မှာ ပြည်နယ် သဘာဝဘေးဒဏ် တုံ့ပြန်ရေးတပ်ဖွဲ့(SDRF)ကဖြစ်ကြောင်း သိရသည်။ဘီဟာပြည်နယ်၌ ဇူလိုင် ၁၃ ရက်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.