Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်ရထား လမ်းချော်မှုကြောင့် လူ ၃ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ အိန်ဒရာပရာဒတ်ရှ်ပြည်နယ်တွင် ရထားတစ်စီး တိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ခရီးသည်တင် ရထား ပြေးလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး အခြားသူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“Vasco Da Gama-Patna အဝေးပြေးရထားရဲ့ တွဲ ၁၃ တွဲဟာ ဒေသစံတော်ချိန် နံနက် ၄း၁၈ နာရီအချိန်မှာ Manikpur ဘူတာရုံ အနီးရှိ သံလမ်းတွေပေါ်ကနေ ချော်ကျသွားခဲ့တာပါ” ဟု အဆင့်မြင့် ရထားအရာရှိ တစ်ဦးက ပြောခဲ့သည်။

ဒဏ်ရာရရှိသူများအား Chitrakoot ရှိ ခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ရထားသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ် Vasco Da Gama မှ နိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် မြို့တော် Patna သို့ သွားရာ လမ်းကြောင်းပေါ်တွင် ယခုလို ဖြစ်ပွားရခြင်း ဖြစ်သည်။

“ရထားမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားပါတယ်” ဟု အထက်ပါ အရာရှိက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.