Connect with us

Asia

ကန်ဒေါ်လာ သန်း၁၀၀တန် ကမ္ဘာ့အကြီးဆုံး ပုလဲ ဖိလစ်ပိုင်၌ ပြသသွားမည်

ဖိလစ်ပိုင်နိုင်ငံ မှ ၃၄ကီလိုဂရမ် အလေးချိန်ရှိသည့် ကမ္ဘာ့အကြီးဆုံး ပုလဲအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

မီးလောင်ကျွမ်းခဲ့သည့် အိမ်တစ်လုံးမှ ရှာဖွေတွေ့ရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း၁၀၀ တန် ကမ္ဘာ့အကြီးဆုံး သဘာဝ ပုလဲကြီးအား ဖိလစ်ပိုင်နိုင်ငံ၌ မကြာခင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် ခရီးသွားလုပ်ငန်း အရာရှိတစ်ဦး ဖြစ်သူ Aileen Amurao က အဆိုပါ ပုလဲကြီးအား ၂၀၀၆ခုနှစ် တွင် ပါလာဝမ်ကျွန်းမှ ငါးဖမ်းသမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငါးဖမ်းသမား သည် ပုလဲ၏ တန်ဖိုးကို မသိရှိပဲ ကံကောင်းစေသည့် အဆောင်တစ်ခုအနေဖြင့်သာ ထိန်းသိမ်းထားရာ ၎င်း၏ အိမ်မီးလောင်ကျွမ်းသွားပြီးနောက် ယင်းပုလဲအား အာဏာပိုင်များထံ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း Amuraoက ပြောကြားခဲ့သည်။
Amuraoက “ပုလဲရဲ့တန်ဖိုးကို အပြည့်အဝ အတည်ပြုဖို့အတွက် ကျောက်မျက်ရတနာ သုတေသန ပညာရှင်တွေရဲ့အကူအညီ ကို အခုလိုအပ်နေပါတယ်”ဟု ဆိုသည်။
ပုလဲကြီးသည် အရှည် ၆၇စင်တီမီတာ၊ အကျယ် ၃၀.၅စင်တာမီတာ ရှိပြီး ၃၄ကီလိုဂရမ်အလေးချိန်ရှိကြောင်း သိရသည်။ ယခင်ကမ္ဘာ့စံချိန်တင်ခဲ့သည့် Lao Tze ပုလဲလုံးသည် အလေးချိန်အားဖြင့် ၆.၄ကီလိုဂရမ်ရှိကာ အမေရိကန်ဒေါ်လာ ၃၅သန်းတန်ဖိုးရှိပြီး ယင်းပုလဲလုံးကိုလည်း ပါလာဝမ်ကျွန်းအနီးမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.