Connect with us

Asia

ထိုင်းတောင်ပိုင်း၌ ဗုံးပေါက်ကွဲမှု သုံးကြိမ် ဆက်တိုက်ဖြစ်ပွား ၊ တစ်ဦးသေ ၃ဝ ကျော်ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗုံပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှင်းလင်းနေစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း Pattani ပြည်နယ်၌ သြဂုတ်လ ၂၃ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး ၃ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ယင်းပေါက်ကွဲမှုသည် လွန်ခဲ့သော နှစ်ပတ်မတိုင်မီက ထိုင်းနိုင်ငံတောင်ပိုင်း၌ အတွဲလိုက် ဗုံးပေါက်ကွဲမှုဖြစ်စဉ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကြုံတွေ့ရသော ဗုံးဆက်တိုက်ပေါက်ကွဲမှုများဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက် ၊ ည၁ဝ နာရီ ၄ဝ မိနစ်တွင် Southern ဟိုတယ်အနောက်ဖက်ရှိ ကားပါကင်၌ ပထမဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ပေ။ ည ၁၁ နာရီခန့်တွင် နောက်ထပ်ဗုံးတစ်လုံးသည် Southern ဟိုတယ်အရှေ့တွင်ရပ်ထားသည့် ပစ်ကပ်ထရပ်ကား၌ ပေါက်ကွဲခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြား လူပေါင်း ၃ဝ ထိခိုက်ဒဏ်ရာရသွားကြောင်းသိရသည်။
ဈေးအနီးရှိ အမှိုက်ပုံထဲတွင် ထောင်ထားသော တတိယမြောက် ဗုံးတစ်လုံးမှာ ည ၁၁ နာရီခွဲခန့်တွင် ထပ်မံပေါက်ကွဲခဲ့သော်လည်း ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ပါ။ သြဂုတ်လ ၂၃ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွင်း ထိခိုက်ဒဏ်ရာရသူအားလုံးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း၌ လွန်ခဲ့သော နှစ်ပတ်မတိုင်မီက အမှုဖြစ်စဉ်ဖော်ထုတ်နိုင်ခြင်းမရှိသေးသော အဆိုးဝါးဆုံး အတွဲလိုက်ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာတွင် ထိုင်း လူမျိုး ၄ ဦးသေဆုံးပြီး နိုင်ငံခြားသား ၁၁ ဦးအပါအဝင် ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
Pattani ပြည်နယ်သည် ၂ဝဝ၄ ခုနှစ်ကတည်းက မတည်မငြိမ်မှုများဖြစ် ကြုံတွေ့လာခဲ့ရသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်သုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.