Connect with us

Asia

စင်ကာပူသမ္မတ(ဟောင်း)ကို နိုင်ငံတော်ဈာပန အခမ်းအနားဖြင့် သြင်္ဂ ိုလ်မည်

စင်ကာပူနိုင်ငံသမ္မတ(ဟောင်း) နတ်သန်(Nathan) အားတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

သြဂုတ်လ ၂၂ ရက် ညပိုင်းက စင်ကာပူနိုင်ငံ ဆေးရုံပေါ်၌ ကွယ်လွန်သွားခဲ့သည့် အသက် ၉၂ အရွယ်ရှိ စင်ကာပူနိုင်ငံသမ္မတ(ဟောင်း) နတ်သန် (Mr Nathan ) အား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ဂုဏ်ပြုသြင်္ဂိုလ်သွားမည် ဖြစ်ကြောင်း နှင့် စင်ကာပူနိုင်ငံ အစိုးရရုံးအားလုံး၌ နိုင်ငံတော်အလံကို သြဂုတ်လ ၂၃ ရက် မှ ၂၅ ရက်အထိ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်အဖြစ် တိုင်ဝက်လွှင့်ထူသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ရုံး(PMO) ထုတ်ပြန်ချက်အရ သိရသည်။

ကွယ်လွန်သူ သမ္မတ(ဟောင်း) နတ်သန်၏ ရုပ်အလောင်းကို စင်ကာပူပါလီမန်၌ သြဂုတ်လ ၂၃ ရက် နံနက် ၁ဝ နာရီမှ သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၁၂ နာရီထိ အများပြည်သူများ လာရောက် ဂါရဝပြုနိုင်ရန် ပြသထားမည်ဖြစ်ကြောင်းသိရသည်။ ယင်းနေ့ရက်များတွင် ပြည်သူများအနေဖြင့် နံနက် ၁ဝ နာရီ မှ ည ၈ နာရီအတွင်း ပါလီမန် အဆောက်အအုံသို့လာရောက် အလေးပြုနိုင်ကြောင်း PMO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော် ဈာပနအခမ်းအနားကို သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၄ နာရီတွင် တက္ကသိုလ်ယဉ်ကျေးမှုဌာန(NUS) တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့နတ်သန်၏ မိသားစုဝင်များ ၊ လုပ်ဖော်ကိုင်ဖက်များ ၊ စင်ကာပူသမ္မတ ၊ အစိုးရအဖွဲ့ဝန်ကြီးများ နှင့် ပါလီမတ် အမတ်များ ၊ အစိုးရအမှုထမ်းများ နှင့်အတူ စင်ကာပူနိုင်ငံအတွင်းရှိ အလွှာစုံမှ အလုပ်သမားပြည်သူများ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်ဈာပန အခမ်းအနားအပြီးတွင် Mandai မိသားစု သင်္ချိုင်း၌ မီးသြင်္ဂိုလ် မြှုပ်နံှသွားမည်ဖြစ်သည်။
အသက် ၉၂ အရွယ်ရှိ နတ်သန်သည် ဇူလိုင်လ ၃၁ ရက်တွင် လေဖြတ်ဝေဒနာခံစားရပြီး အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။ ၎င်းသည် စင်ကာပူနိုင်ငံ၏ ၆ ဆက်မြောက်သမ္မတဖြစ်ပြီး ၁၉၉၉ မှ ၂ဝ၁၁ ခုနှစ် အထိ သမ္မတ သက်တမ်း နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခဲ့ရာ စင်ကာပူနိုင်ငံ၏ သက်တမ်းအကြာရှည်ဆုံးသမ္မတ တစ်ဦးလည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.