Connect with us

Asia

ကပ်ရောဂါတစ်ကျော့ပြန်မြင့်တက်လာ၍ ဘန်ကောက်မြို့အနီး စမွတ်စခွန်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ညမထွက်အမိန့်ထုတ်ပြန်ထားစဉ် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ည ၁၀ နာရီ မှ နံနက် ၄ နာရီအတွင်း လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်းပြည်နယ် (Samut Sakhon)၌ COVID-19 ကပ်ရောဂါတစ်ကျော့ပြန် မြင့်တက်လာပြီး လက်ရှိတွင် လူပေါင်း ၅၄၈ ဦးထိ ရောဂါကူးစက်ခံထားရသဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

စမွတ်စခွန်း ပြည်နယ်အုပ်ချုပ်ရေးမှူး Verasak Vichitsangsri က ဒီဇင်ဘာ ၁၉ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ အချိန်အတွင်း ညမထွက်ရအမိန့်အပါအဝင် ပြည်နယ်အတွင်း lockdown အစီအစဉ်များကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ညမထွက်အမိန့်ထုတ်ပြန်ထားစဉ် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ည ၁၀ နာရီ မှ နံနက် ၄ နာရီအတွင်း လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

စာသင်ကျောင်းများ ၊ အားကစားကွင်းများ နှင့် လက်ဝှေ့ရုံများကို ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ပြီး စားသောက်ကုန်အရောင်ဆိုင်များ(convenience stores) ကိုမူ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အချိန် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ပိတ်ထားရမည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ညမထွက်အမိန့်ထုတ်ပြန်ထားစဉ် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ည ၁၀ နာရီ မှ နံနက် ၄ နာရီအတွင်း လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

စားသောက်ဆိုင်များကို ဆိုင်ထိုင် စားသောက်ခွင့်မပြုဘဲ ၊ အိမ်အရောက်ပို့စနစ်ဖြင့်သာ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း Verasak က ဆိုသည်။ထို့ပြင် lockdown ကာလတွင် စမွတ်စခွန်းပြည်နယ်အတွင်း နေထိုင်ကြသူများကို ပြည်နယ်ပြင်ပသို့ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားမည်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများ သို့မဟုတ် နိုင်ငံခြားသားများကိုလည်း ပြည်နယ်အတွင်း ဝင်ရောက်ခွင့်မပြုကြောင်း ၊ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းများတွင် အများအပြားဝင်ရောက်လုပ်ကိုင်နေကြသည့် များစွာသော မြန်မာရွှေ့ပြောင်းလုပ်သားများကို ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ဧပြီ ၃ ရက်က ညမြင်ကွင်းတစ်ခုကိုတွေ့ရစဉ်(ဆင်ဟွာ) 

လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သားအများစုပါဝင်သည့် လူပေါင်း ၅၄၈ ဦး ရောဂါကူးစက်ခံထားရသည်ကို တာဝန်ရှိသူများက စနေနေ့တွင် အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ စမွတ်စခွန်းပြည်နယ်၌ ညမထွက်ရအမိန့်နှင့် lockdown အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။(Xinhua)

—————————————————–

(English Version)

Curfew imposed in Thailand’s pandemic-hit province near Bangkok

BANGKOK, Dec. 20 (Xinhua) — A curfew has been declared throughout Thailand’s pandemic-hit Samut Sakhon province near Bangkok starting Saturday in the face of a spread of COVID-19 which has infected 548 people so far.

Provincial governor Verasak Vichitsangsri announced in a press conference the lockdown measures, including the curfew between 10:00 p.m. and 5:00 a.m. from Saturday until Jan. 3.

Schools, stadiums and boxing arenas have been ordered temporarily closed while convenience stores will be closed during the curfew period, according to the provincial governor.

Restaurants are allowed to offer only take-out and delivery food, with no indoor dining allowed, Verasak said.
A travel ban has been imposed to keep residents of Samut Sakhon from leaving the province during the lockdown while no migrant workers or other foreigners are allowed to enter, which locates a large number of Myanmar migrant workers mostly employed in the fishing industry.

The lockdown measures and curfew followed Saturday’s official confirmation of infection so far with a total of 548 people, most of them being Myanmar migrants. Enditem

Photos caption – Policemen assemble for the curfew in Bangkok, Thailand, April 3, 2020. Thai government has imposed a curfew between 10.00 p.m. and 04.00 a.m. (local time) starting from Friday to curb the COVID-19 pandemic. (Xinhua/Rachen Sageamsak)
Photo taken on April 3, 2020 shows an empty road during the curfew in Bangkok, Thailand