Connect with us

Asia

မနီလာမြို့တွင် နေအိမ်မီးလောင်ကျွမ်းမှုကြောင်း ကလေးငယ် ၅ ဦးထက်မနည်းသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ဆင်းရဲသားရပ်ကွက်တစ်ခု၌ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တွန်ဒိုခရိုင်ရှိ အိမ်တန်းလျားတစ်ခုတွင် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကလေးငယ် ၅ ဦးမှာ အသက် ၁ နှစ်မှ ၁၂ အတွင်း ရှိပြီး မွေးချင်းမောင်နှမများဖြစ်ကာ မီးလောင်နေသည့် နေအိမ်အတွင်းပိတ်မိစဉ် အသက်ရှူကျပ်ခြင်း သို့မဟုတ် မီးခိုးငွေ့များရှူရှိုက်မိခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်။မီးလောင်မှုမှ လွတ်မြောက်သွားသူ သေဆုံးရသူများ၏ အစ်ကိုက ၎င်း၏မောင်နှမများသည် မီးခြစ်နှင့်ကစားရာမှ နေအိမ်အတွင်းရှိ အဝတ်အစားများအား မီးလောင်စွဲလောင်ခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်ကျွမ်းရခြင်းအကြောင်း စုံစမ်းစစ်ဆေးသူများအား ပြောကြားခဲ့သည်။

အဆိုပါ မီးသည် အိမ်ခြေထူထပ်သည့်နေရာ၌ အလွယ်တကူ ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။မီဘေးကာကွယ်ရေးဗျူရို (BFP) က အဆိုပါ မီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် နံနက် ၉း၁၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နံနက် ၁၁း၂၄ နာရီ သို့မဟုတ် နောက်ထပ် နှစ်နာရီကျော်အကြာ၌ မီးထိန်းနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ (Xinhua)