Connect with us

Asia

ကာဂျစ်စတန်တွင် ယာဉ်တိုက်မှုကြောင့် လူ ၁၀ဦးသေဆုံး

ကာဂျစ်စတန်နိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကာဂျစ်စတန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ကာဂျစ်စတန်နိုင်ငံ တောင်ပိုင်း ဒေသတွင် ကားတစ်စီး နှင့် ထရပ်ကားတစ်စီး အပြင်းအထန် တိုက်မိရာ လူ ၁၀ဦးသေဆုံးခဲ့ကြောင်း အရေးပေါ်အခြေအနေဝန်ကြီးဋ္ဌာန၏ သတင်းဋ္ဌာနက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Jalal-Abad ဒေသ Tash-Komur မြို့ ရှိ Bishkek-Osh အဝေးပြေးလမ်းမပေါ်တွင် ဟွန်ဒါ မီနီဗင် တစ်စီး နှင့် DAF ကုန်တင်ကားတစ်စီး တို့ နိုဝင်ဘာ ၆ ရက် ညသန်းခေါင်ယံတွင် တိုက်မိခဲ့ကြောင်း သိရသည်။ သေဆုံးသွားသူများအနက် အမျိုးသား ၄ဦး၊ အမျိုးသမီး ၃ဦး နှင့် ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခြားဒဏ်ရာရရှိသူ ၂ဦးမှာ ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

ကုန်တင်ကားမောင်းသူ သည် ကားကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တိမ်းမှောက်ပြီးနောက် ဟွန်ဒါကားအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Bishkek-Osh အဝေးပြေးလမ်းမ သည် နိုင်ငံ၏ မြောက် နှင့် တောင်ကို ဆက်သွယ်ပေးထားသော တစ်ခုတည်းသော အဝေးပြေးလမ်းတစ်ခုဖြစ်ပြီး ၆၅၀ကီလိုမီတာ ရှည်လျားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.