Connect with us

Asia

ဗီယက်နမ်အလယ်ပိုင်း၌ တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် လူ ၄၄ ဦးသေဆုံးပြီး ၁၉ ဦးပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းဒဏ် ခံစားနေပုံ(ဆင်ဟွာ)

ဟနွိုင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း နှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် Damery တိုင်ဖွန်းမုန်တိုင်းဒဏ်ခံစားရပြီးနောက် သေဆုံးသူ ၄၄ ဦး နှင့် ပျောက်ဆုံးသူ ၁၉ ဦးရှိကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ်ကြိုတင်တားဆီးရေး နှင့် ထိန်းချုပ်ရေး ဗဟိုကော်မတီက ယနေ့နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

သေဆုံးသူများထဲတွင် အလယ်ပိုင်း Khanh Hoa ပြည်နယ်မှ ၂၇ ဦး ၊ အလယ်ပိုင်း Quang Ngai ပြည်နယ်မှ ၄ ဦး ၊ အလယ်ပိုင်း Binh Dinh ပြည်နယ်မှ ၃ ဦး ၊ အလယ်ပိုင်းကုန်းမြင့်ဒေသ Lam Dong ပြည်နယ်မှ ၃ ဦး ၊ အလယ်ပိုင်း Phu Yen ပြည်နယ်မှ တစ်ဦး ၊ အလယ်ပိုင်း ကုန်းမြင့်ဒေသ Kon Tum ပြည်နယ်မှ ၁ ဦး ၊ အလယ်ပိုင်း ကုန်းမြင့်ဒေသ Dak Lak ပြည်နယ်မှ တစ်ဦး နှင့် အခြား သေဆုံးသူ ၄ ဦးမှာ မည်သည့် အရပ်ဒေသမှ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။

ပျောက်ဆုံးနေသူ ၁၉ ဦးအနက် ၉ ဦးမှာ Binh Dinhပြည်နယ် Quy Nhon မြို့၌ မုန်တိုင်းဒဏ် နှင့် လှိုင်းဒဏ်ခံစားခဲ့ရသော ကုန်တင်သင်္ဘော တိမ်းမှောက်ခြင်း (သို့မဟုတ်) နစ်မြုပ်ခြင်းတွင် ပါဝင်သွားကြသော သင်္ဘောသားများဖြစ်ကြောင်း သိရသည်။Damrey တိုင်ဖွန်း မုန်တိုင်းဒဏ်သင့် ဒေသများရှိ သင်္ဘော နှင့် လှေ စုစုပေါင်း ၁၂၈၆ စင်း နစ်မြုပ် သို့မဟုတ် ပျက်စီးသွားကြောင်းလည်း သိရသည်။နိုဝင်ဘာ ၆ ရက် မှ ၁၁ ရက်အထိ အာရှပစိဖိတ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(APEC) ခေါင်းဆောင်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံ ဒါနန်(Da Nang) မြို့မှာ လေးရက်ကြာရွာသွန်းခဲ့သည့် မိုးရေကြီးမှုဒဏ်ကိုလည်း ခံစားခဲ့ရကြောင်း သိရသည်။

ဒါနန် စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဌာန၏ ပြောကြားချက်အရ မြို့တော်တာဝန်ရှိသူများသည် APEC ထိပ်သီးအစည်းအဝေး ရက်သတ္တပတ်အတွင်း တက်ရောက်လာကြမည့် ကိုယ်စားလှယ်ပေါင်း ၁ဝဝဝဝ ကျော် ၊ APEC စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ဦးဆောင်ဦးရွက် လုပ်ကိုင်နေသည့် အရာရှိပေါင်း ၂ဝဝဝ နှင့် သတင်းသမား ၃ဝဝဝ ကျော် တို့၏ လုံခြုံရေး ကို ကူညီရန် အပါအဝင် တိုင်ဖွန်းမုန်တိုင်းဒဏ် ၊ ရေကြီးခြင်း နှင့် လှိုင်းအမြင့်ဒဏ် ၊ ဆူနာမီဒဏ် တို့အား ချက်ခြင်း တုံ့ပြန် ဖြေရှင်းနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)