Connect with us

Asia

ရုရှားနိုင်ငံ မြို့တော်အနီး လမ်းမတော်တဆမှုဖြစ်ပွား လူ ဒါဇင်ကျော် သေဆုံး

ရုရှားနိုင်ငံရှိ ရထားဘူတာရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကို အရှေ့ပိုင်းဒေသတွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ပြင်းထန်စွာ တိုက်မိသဖြင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၏ ယနေ့ (အောက်တိုဘာလ ၆ ရက်) တွင် ပြောကြားချက်အား ကိုးကား၍ ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် မီးနီနေစဉ် ရထားလမ်းကို ဖြတ်ကူးခဲ့ခြင်း ဖြစ်ပြီး ဘတ်စ်ကား ပျက်စီးသွားခဲ့ခြင်း ဖြစ်ကြောင်း မော်စကို မီးရထား အာဏာပိုင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း Sputnik က ဖော်ပြထားသည်။

“ယနေ့ နံနက် ၃း၃၉ နာရီက Pokrov ဘူတာရုံမှာ ဘတ်စ်ကား တစ်စီးက ရထားလမ်းကို ဖြတ်မောင်းနေတုန်းမှာပဲ အင်ဂျင်စက်သေသွားခဲ့တာပါ” ဟု ရထားလမ်း ပြန်ကြားရေးရုံးက ပြောကြားခဲ့သည်။

အရေးပေါ် ဝန်ကြီးဋ္ဌာန၏ အဆိုအရ ယင်း ဘတ်စ်ကားသည် ကာဇက်စတန်နိုင်ငံမှ ခရီးသွားကား ဖြစ်ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းဋ္ဌာနတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.