Connect with us

Asia

ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီး ဝိတ်ချရန် အိန္ဒိယ၌ ခွဲစိတ်ကုသမှုခံယူမည်

ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီး Eman Ahmed Abd El Aty အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ကိုယ်အလေးချိန်အများဆုံး အမျိုးသမီးအဖြစ် ယူဆရသော ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်နိုင်ငံသား အမျိုးသမီးတစ်ဦး သည် ကိုယ်အလေးချိန်လျှော့ချသော ခွဲစိတ်ကုသမှုပြုလုပ်ရန် အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

အသက် ၃၆နှစ်အရွယ် Eman Ahmed Abd El Aty အမည်ရှိ အီဂျစ်အမျိုးသမီး သည် ဆေးကုသမှုခံယူရန် အီဂျစ်နိုင်ငံ Alexandria မြို့မှ မွမ်ဘိုင်းမြို့ရှိ ကျန်းမာရေးစင်တာသို့ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Abd El Aty သည် မွမ်ဘိုင်းမြို့ရှိ အစာအိမ်ခွဲစိတ်မှုဆရာဝန်ကြီး Muffazal Lakdawala ၏ ကြီးကြပ်မှုဖြင့် ကုသမှုခံယူသွားမည်ဖြစ်သည်။

Abd El Aty သည် နေအိမ်မှ အပြင်သို့ မထွက်သည်မှာ ၂၅နှစ်ရှိပြီဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

ဆရာဝန်များ၏ပြောကြားချက်အရ Abd El Aty အား ခွဲစိတ်ကုသမှု မပြုလုပ်ခင် တစ်လခန့် လေ့လာစောင့်ကြည့်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ ဆရာဝန်များသည် အိပ်ရာထဲတွင်သာ လှဲနေရသော Abd El Aty အား သုံးလခန့် ဆေးကုသပေးခဲ့ပြီး ၎င်းအား အီဂျစ်နိုင်ငံမှ အိန္ဒိယသို့ ပို့ဆောင်ရန် လိုအပ်သည့် ကြိုတင်ဆောင်ရွက်ချက်အားလုံး အား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆရာဝန်များသည် ခရီးဆောင် အသက်ရှူစက်များ၊ နှလုံးခုန်စက်များ၊ အောက်စီဂျင်ဘူးများ နှင့် အခြား ဆေးဝါးများကဲ့သို့သော လိုအပ်သည့် ပစ္စည်းကိရိယာများဖြင့် ဖြည့်စွက်ပြင်ဆင်ထားသည့် အပြင် Abd El Aty အိပ်ရန်အတွက် အထူးပုံစံရေးဆွဲထားသည့် အိပ်ယာတစ်လုံးလည်း ပါဝင်သည့် စင်းလုံးငှားလေယာဉ်တစ်စီး ကို စီစဉ်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ်တွင် ကိုင်ရိုမြို့ရှိ အိန္ဒိယသံရုံးက Abd El Aty အား ရုံးသို့ ကိုယ်တိုင်မလာနိုင်၍ ဗီဇာထုတ်ပေးရန် အစပိုင်း က ငြင်းဆန်ခဲ့ကြောင်း သိရသည်။ သို့သော် Abd El Aty ၏ ခွဲစိတ်ဆရာဝန် Lakdawala က Abd El Aty ၏ အခြေအနေအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တွစ်တာဖြင့် ပြောကြားခဲ့ပြီးနောက် ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.