Connect with us

Asia

ပါကစ္စတန် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့က ကက်ရှမီးယား ဒေသတွင် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား

ကက်ရှမီးယား ဒေသရှိ အိန္ဒိယ နိုင်ငံ မှ ထိန်းချုပ်ထားသည့် ဒေသတွင် အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ဝင် တို့က ကင်းလှည့်မှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အိန္ဒိယ နိုင်ငံ သည် ဇူလိုင်လ ၁၉ ရက်နေ့၌ ကက်ရှမီးယား ဒေသရှိ ပါကစ္စတန် တပ်ဖွဲ့ကို အကြောင်းမဲ့ ပစ်ခတ်မှု ဆောင်ရွက်ခဲ့သောကြောင့် ပါကစ္စတန် နိုင်ငံ မှ ပြန်လည် ပစ်ခတ်မှု များ ဆောင်ရွက် ခဲ့ကြောင်း တိုက်ခိုက်မှု ဖြစ်ပွား သည့် နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး ဌာန က တိုက်ခိုက်မှု ဖြစ်ပွားသည့်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အိန္ဒိယ နိုင်ငံ သည် ဇူလိုင်လ ၁၉ ရက်နေ့က ကက်ရှမီးယား ဒေသရှိ ပါကစ္စတန် နိုင်ငံ လက်တွေ့ထိန်းချုပ် ရာဒေသ ရှိ တပ်စခန်း နှင့် အရပ်သား နေထိုင်ရာ ဒေသ သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှု ဆောင်ရွက်ခဲ့သောကြောင့် ပါကစ္စတန် နိုင်ငံ တပ်ဖွဲ့ဝင် တစ်ဦး နှင့် အရပ်သား ၂ ဦး သေဆုံး ခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား ၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ပါကစ္စတန် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ တပ်ဖွဲ့ ကို ပြန်လည် ပစ်ခတ်မှု ဆောင်ရွက် ခဲ့ပြီး အိန္ဒိယ နိုင်ငံ မှ ပစ်ခတ်မှု ဆောင်ရွက်ခဲ့သည့် တပ်စခန်း ကို ဖျက်ဆီး နိုင်ခဲ့ပြီး အိန္ဒိယ တပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦး သေဆုံးစေခဲ့ပြီး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိစေခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ ၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို ချိုးဖောက်သည့် မည်သည့် ဆောင်ရွက်မှု မဆို ပါကစ္စတန် နိုင်ငံ ၏ တုံ့ပြန်မှု ကို ပြန်လည် ခံရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွား သည့် နေ့နံနက်ပိုင်း အချိန်တွင် ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန က အိန္ဒိယ နိုင်ငံ သံအမတ်ကြီး ကို ဆင့်ခေါ်ခဲ့ပြီး အိန္ဒိယ နိုင်ငံ မှ ဇူလိုင် ၁၈ ရက်နေ့ က ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှု ကြောင့် ပါကစ္စတန် နိုင်ငံ မှ သေဆုံးမှု ဖြစ်ပွား ခဲ့သည့် အပေါ် အရေးဆိုခဲ့ပြီး အိန္ဒိယ နိုင်ငံ အား နှစ်နိုင်ငံ မှ ၂၀၀၃ ခုနှစ် တွင် ရရှိခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို လိုက်နာရန် ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အိန္ဒိယ နိုင်ငံ ၏ ကက်ရှမီးယား ဒေသရှိ ပါကစ္စတန် ထိန်းချုပ်ရာ ဒေသ သို့ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သောကြောင့် ပါကစ္စတန် နိုင်ငံ အရပ်သား ၂ ဦး သေဆုံး စေခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး ဌာန ဌာနမှူး က ဇူလိုင်လ ၁၆ ရက်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ယခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ သည် ကက်ရှမီးယား ဒေသ အနီးတဝိုက်တွင် နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို အကြိမ်ပေါင်း ၅၈၀ ကြိမ် ချိုးဖောက် ခဲ့ပြီး သမိုင်းတစ်လျှောက် ချိုးဖောက်သည့် အကြိမ်ရေး အများဆုံး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၁၉၄၇ ခုနှစ် မှစ၍ ပါကစ္စတန် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့သည် ကက်ရှမီးယား ဒေသ ကို ရရှိရန် အတွက် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် နှစ်နိုင်ငံ မှ ကက်ရှမီးယား ဒေသ ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသော်လည်း မကြာခဏ တိုက်ခိုက်မှု များ ဖြစ်ပွား ခဲ့ကြသည်။ ဇူလိုင်လပိုင်းတွင် နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်မှု သည် ပိုမို များပြား လာခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှု များပြား လာခဲ့သည်။ နှစ်နိုင်ငံ စလုံး က အမြဲပင် တစ်ဘက် နိုင်ငံ က သဘောတူညီမှု ချိုးဖောက်ကြောင်း ပြစ်တင်ဝေဖန် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.