Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ စကူရာဂျီမာ မီးတောင်လှုပ်ခတ်မှုဖြစ်ပွား

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ စကူရာဂျီမာ မီးတောင် မှ မီးခိုးပြာများ မှုတ်ထုတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စု ရှိ စကူရာဂျီမာ မီးတောင် သည် ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ ဋ္ဌာန က ပြောကြားခဲ့သည်။

မိုးလေဝသဋ္ဌာန ၏ ပြောကြားချက်အရ မီးတောင်သည် ဒေသစံတော်ချိန် နံနက် ရး၅၆နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် သိသိသာသာ လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

အကျယ် ၁,၁၁၇မီတာ ရှိသော ရှောဝါမီးတောင်ထိပ်ဝမှ မီးခိုးပြာများ ကို အမြင့်မီတာ ၃၀၀၀ ကျော်အထိ ကောင်းကင်ပေါ်သို့ မှုတ်ထုတ်ခဲ့သည်ကို တိုင်းထွာသိရှိခဲ့ကြောင်း မိုးလေဝသဋ္ဌာန ကပြောကြားခဲ့သည်။

ဋ္ဌာန က အလားတူ မီးတောင်လှုပ်ခတ်မှုမျိုး ထပ်မံ ဖြစ်ပေါ်လာနိုင်ကြောင်း နှင့် ယခု လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိမှု နှင့် ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

စကူရာဂျီမာ မီးတောင်သည် ၂၀၁၇ခုနှစ် မေလ ၂၉ ရက်တွင် နောက်ဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမီးတောင်အား ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာန အဆင့် (၃) လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကာ မီးတောင်ရှင်ဖြစ်၍ မီးတောင်အနီးအနားသို့ သွားရောက်ခြင်းမပြုသင့်ကြောင်း တိုက်တွန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.