Connect with us

Asia

ထိုင်းနိုင်ငံ မဲခေါင်မြစ်ကမ်း တွင် ပိုင်ရှင်မဲ့ ဆေးခြောက် တစ်တန် ဖမ်းဆီးရရှိ

ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် ဆေးခြောက်များအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဲခေါင်မြစ် ကမ်းနံဘေးတွင် ဆေးခြောက် ၁၀၀၀ ကီလိုဂရမ် ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြည်တွင်းသတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။

ပြည်တွင်းမီဒီယာ က ပိုင်ရှင်မဲ့ဆေးခြောက်များကို မဲခေါင်မြစ် အရှေ့ဘက် လာအိုနှင့် ထိစပ်နေသော Nakon Phanom ပြည်နယ်တွင် ဇွန်လ ၅ ရက် အစောပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြစ်ကမ်းနံဘေးတွင် မသင်္ကာဖွယ်ရာ အထုပ်များ တွေ့ရှိခဲ့သည့် ရွာသားများက ကင်းလှည့်နေသော ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် ပလက်စတစ်အိတ် ၂၅အိတ်ဖြင့် ထုပ်ထားသော ဆေးခြောက် ၁၀၀၀ ကီလိုဂရမ် ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုတွေ့ရှိမှုသည် ဒုတိယမြောက် တွေ့ရှိမှုဖြစ်ပြီး လွန်ခဲ့သော မေ ၃၁ရက် ညကလည်း အဆိုပါပြည်နယ်၏ မဲခေါင်မြစ်ကမ်းနံဘေးတွင် ထိုင်းဘတ်ငွေ ၁၇သန်း (အမေရိကန်ဒေါ်လာ ၄၉၀,၀၀၀) တန်ဖိုးရှိ ဆေးခြောက် ၈၄၀ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)