Connect with us

Asia

ဂျပန်နိုင်ငံ အရှေ့ပိုင်းရှိ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရရှိ

တိုကျိုနိုင်ငံ အနောက်မြောက်ပိုင်း ဂန်မာပြည်နယ်ရှိ Kusatsu-Shirane မီးတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျိူ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့ပိုင်း ဂန်မာပြည်နယ်ရှိ မီးတောင် ပေါက်ကွဲမှုကြောင့် ဆီးနှင်းများထူထပ်စွာ ပြိုကျလာပြီးနောက် လူ ၆ ဦး နစ်မြုပ်ခဲ့သည့်အနက် ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF) အဖွဲ့ဝင် တစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

တိုကျိုနိုင်ငံ အနောက်မြောက်ပိုင်း ဂန်မာပြည်နယ်ရှိ Kusatsu-Shirane မီးတောင်သည် ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၉း၅၉ နာရီဝန်းကျင်၌ ပေါက်ကွဲခဲ့ပြီး Kusatsu နိုင်ငံတကာ နှင်းလျောစီး အပန်းဖြေအိမ်ရာ အနီးတွင် ဆီးနှင်းထုများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဋ္ဌာနက ပြောခဲ့သည်။

GSDF ၏ အခြားအဖွဲ့ဝင် ၅ ဦးလည်း နှင်းလျောစီး လေ့ကျင့်ခန်းပြုလုပ်နေစဉ် ဆီးနှင်းပြိုကျခဲ့ခြင်းဖြစ်ပြီး အရိုးကျိုးခြင်းနှင့် အခြား စိုးရိမ်ဖွယ် ဒဏ်ရာများ ရရှိကြောင်း GSDF က ပြောခဲ့သည်။

ဆီးနှင်းပြိုကျမှုကြောင့် အရပ်သား တစ်ဦးလည်း ပိတ်မိနေခဲ့ရာ GSDF မှ ကယ်တင်ပေးခဲ့ရသည်ဟု ဆိုသည်။

GSDF အဖွဲ့ဝင် တစ်ဦး သေဆုံးမှုအပြင် အနည်းဆုံး လူ ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၅ ဦးမှာ စိုးရိမ်ရကြောင်း၊ မီးတောင်ပေါက်ကွဲမှုမှ လွင့်ကျလာသော ကျောက်တုံးများ အပါအဝင် အပျက်အစီးများသည် မီးတောင်မှ တစ်ကီလိုမီတာအကွာကျော်အထိ ရောက်ရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ Kusatsu-Shirane မီးတောင်သည် ၁၉၈၃ ခုနှစ်တွင် ပထမဆုံး ပေါက်ကွဲခဲ့ဖူးပြီး ယခုအကြိမ် ပေါက်ကွဲမှုကြောင့် သတိပေးအဆင့် ၃ အဖြစ် သတ်မှတ်ထားပြီး မီးတောင်အနီးသို့ မချဉ်းကပ်ရန် ပြည်သူများအား ဂျပန်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဋ္ဌာန (JMA) က သတိပေးညွှန်ကြားထားကြောင်း သိရသည်။

Kusatsu-Shirane မီးတောင်သည် ၂၁၆၀ မီတာရှိသော မီးတောင်ရှင် တစ်ခုဖြစ်ပြီး Asama မီးတောင်၏ မြောက်ဘက်တွင် တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.