Connect with us

Asia

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မှ စစ်အပြီး (၇၀) နှစ်မြောက် ကြေညာ စာတမ်း တွင် တိုက်ရိုက် ဝန်ချတောင်ပန်းမှု ပြုလုပ်ရန် တိမ်းရှောင်ခဲ့

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား သြဂုတ်လ ၁၄ ရက်နေ့ တွင် ပြုလုပ်သည့် စစ်အပြီး (၇၀) နှစ်မြောက် ကြေညာ စာတမ်း သတင်းစာ ရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် သြဂုတ်လ ၁၄ ရက်နေ့ တွင် စစ်အပြီး (၇၀) နှစ်မြောက် ကြေညာ စာတမ်း ကို ထုတ်ပြန်ခဲ့ပြီး ခေတ်အဆက်ဆက် ဂျပန်ဝန်ကြီးချုပ်များ ထုတ်ပြန်ခဲ့သည့် ကြေညာစာတမ်း ပုံစံမျိုး ဖြင့် ထုတ်ပြန်ခဲ့ရာတွင် “သုံးသပ်ခြင်း” နှင့် “တောင်းပန်ခြင်း” ဟူသည့် စကားလုံး များပါဝင်ဖော်ပြခဲ့သည်။ ထို့ပြင် စစ်အပြီးကာလ မှ မွေးဖွားခဲ့သည့် ဂျပန်လူမျိုးများ အနေဖြင့် အပြစ်များအား တောင်းပန် ရန် ဝတ္တရား မရှိတော့ ကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ရှင်ဆိုအာဘေး မှ ကြေညာ စာတမ်းအတွင်းတွင် “သုံးသပ်ခြင်း” နှင့် “တောင်းပန်ခြင်း” ဟူသည့် စကားလုံး များအား တိုက်ရိုက် အသုံးမပြုခဲ့ဘဲ ခေတ်အဆက်ဆက် ဂျပန် အစိုးရ ၏ သမိုင်း အသိအမှတ် ပြုခြင်း နှင့် ပတ်သက်၍ ပြောကြားရာတွင် ဂျပန် နိုင်ငံ သည် လွန်ခဲ့ပြီးသော စစ်ပွဲကြီး အတွင်း ပြုမူဆောင်ရွက်ခဲ့သည့် ဆောင်ရွက်မှု များအနေဖြင့် အကြိမ်ကြိမ် နာကြည်းစွာ ပြန်လည်သုံးသပ်ခြင်း နှင့် လေးနက်စွာ တောင်းပန်ခြင်း များပြုလုပ်ခဲ့သည်ဟု ဖော်ပြရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် စာတမ်းတွင် ခေတ်အဆက်ဆက် ဝန်ကြီးချုပ် များ ထုတ်ပြန် ခဲ့သည့် သဘောထား မှာ ပြောင်းလဲမှု ရှိလာမည် မဟုတ်ကြောင်း ပါဝင်ခဲ့သည်။

ရှင်ဇိုအာဘေး မှ ဆက်လက်၍ ဂျပန် နိုင်ငံ အနေဖြင့် နောက်ပိုင်းတွင် တောင်ပန်းခြင်းများ ပြုလုပ်ရန် မလိုအပ် တော့ကြောင်း ၊ စစ်ပြီးကာလ မှ မွေးဖွားခဲ့သည့် ဂျပန် လူမျိုးများသည် စုစုပေါင်း ဂျပန် လူဦးရေ ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိသဖြင့် ဤစစ်ပွဲနှင့် မသက်ဆိုင်သောသူ များအနေဖြင့် ဆက်လက်၍ အပြစ်များအား တောင်းပန်သွားရန် ဝတ္တရား မရှိတော့ ဟု ရေးသားခဲ့သည်။

ကြေညာ စာတမ်းတွင် ရှင်ဆိုအာဘေး မှ ဂျပန် နိုင်ငံ ၏ ကျူးကျော် တိုက်ခိုက်မှု နှင့် ကိုလိုနီ နယ်ချဲ ပြုမူဆောင်ရွက်မှု များကို ၎င်းကိုယ်တိုင် အနေဖြင့် တိုက်ရိုက် ပြောဆိုခြင်း မရှိခဲ့ဘဲ စစ်အင်အား ဖြင့် ခြိမ်းခြောက်မှု နှင့် စစ်အင်အား ဖြင့် နိုင်ငံ အချင်းချင်း သဘောထား ကွဲလွဲမှု ကို မည်သည့် အချိန်ခါ မှ မဖြေရှင်းတော့ရန် နှင့် ကမ္ဘာပေါ်တွင် ကိုလိုနီအုပ်ချုပ်မှု ဆောင်ရွက်ခြင်း ပျောက်ကွယ် သွားရမည် စသည်တို့ကို ဘေးလူ ပုံစံမျိုးဖြင့် ပြောဆို ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် Tomiichi Murayama မှ Tomiichi ကြေညာ စာတမ်း ထုတ်ပြန်ခဲ့စဉ် တွင် ဂျပန် နိုင်ငံ မှ အခြား နိုင်ငံ များအား ကျူးကျော် တိုက်ခိုက်မှု နှင့် ကိုလိုနီ နယ်ချဲ့ အုပ်ချုပ်မှု များသည် အခြားနိုင်ငံ များအတွက် လွန်စွာ ထိခိုက်နာကြည်း စေခဲ့ကြောင်း နှင့် ၎င်းကိစ္စ ရပ်များ နှင့်ပတ်သက်၍ နက်ရှိုင်းစွာ ပြန်လည်သုံးသပ်ခြင်း နှင့် လေးနက်စွာ တောင်းပန်ခြင်း ကို တိကျစွာ ဖော်ပြခဲ့သည်။ Tomiichi ကြေညာ စာတမ်း၏ ရပ်တည်မှု နှင့် မူဝါဒ သည် ခေတ်အဆက်ဆက် ဂျပန် အစိုးရ မှ လက်ခံခဲ့သည့် သဘောထား မူဝါဒ တစ်ရပ် ဖြစ်သည်။(Xinhua)