Connect with us

Asia

စင်ကာပူနိုင်ငံသည် အိုလံပစ်ရွှေတံဆိပ်ဆုရှင်အား စစ်မှုထမ်းခြင်း ရွှေ့ဆိုင်းခွင့်ပေး

ရီယိုအိုလံပစ် ရွှေတံဆိပ်ဆုရှင် စင်ကာပူရေကူးအားကစားသမား Joseph Schooling အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံသည် ပူပူနွေးနွေး ရီယိုအိုလံပစ်ရွှေတံဆိပ်ဆုရှင်ဂျိုးဇက်စကူးလင်း (Joseph Schooling) အား နိုင်ငံအတွက် စစ်မှုထမ်းခြင်း(National Service)ကို ၂ဝ၂ဝ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပပြီးသည်အထိ ရွှေ့ဆိုင်းခွင့်ပေးလိုက်ကြောင်း စင်ကာပူနိုင်ငံကာကွယ်ရေးဝန်ကြီး Ng Eng Hen က သြဂုတ်လ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ စကူးလင်းရဲ့ စစ်မှုထမ်းခြင်းကို ရွှေ့ဆိုင်းခွင့်ပေးပြီး ၂ဝ၂ဝ ပြည့်နှစ် အိုလံပစ်ပြိုင်ပွဲပြီးတဲ့အချိန်မှ စစ်မှုထမ်းခြင်းပြုဖို့တောင်းဆိုချက်ကို စင်ကာပူစစ်ကောင်စီက အတည်ပြုလိုက်ပါတယ်” ဟု Ng က ဆိုသည်။
အသက် ၂၁ နှစ်အရွယ်ရှိ အိုလံပစ် မီတာ၁ဝဝ လိပ်ပြာကူးရွှေတံဆိပ်ဆုရှင်သည် ရီယိုအိုလံပစ်ပြိုင်ပွဲဝင်ရန် ၂ဝ၁၃ ခုနှစ်ကတည်းက စစ်မှုထမ်းခြင်း ရွှေ့ဆိုင်းခွင့် ရရှိထားသူ တစ်ဦး ဖြစ်သည်။
စကူးလင်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး “ သူဟာ အိုလံပစ်ပြိုင်ပွဲမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ဖို့အပြင်းအထန်လေ့ကျင့်ခဲ့တယ်။ အခုတော့ သူ့စွမ်းဆောင်ချက်ကို စင်ကာပူရဲ့ ဂန္ထဝင် အိုလံပစ်ကြယ်ပွင့် အဖြစ် အားလုံးက တင်စားခေါ်ဆိုနေကြပါပြီ ” ဟု စင်ကာပူကာကွယ်ရေးဝန်ကြီးက ဆိုသည်။
အဆိုပါရလဒ်အပေါ် “ အလွန်ဝမ်းမြောက် ကျေနပ်မိကြောင်း” စကူးလင်း မိသားစုဝင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.