Connect with us

Asia

နီပေါ၌ ယာဉ်မတော်တဆမှုနှစ်ခုအတွင်း လူ ၂၉ ဦးသေ ၊ ၇၂ ဦးထိခိုက်ဒဏ်ရာရ

ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ၌ သြဂုတ်လ ၁၅ရက် နံနက်ပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦးသေဆုံးပြီး ၇၂ ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုများမှာ နိုင်ငံအလယ်ပိုင်း Kavrepalnchowk ခရိုင် နှင့် နိုင်ငံ အနောက်ပိုင်း Baitadi ခရိုင်များ တွင် အသီးသီးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Kavrwepalnchowk ခရိုင်၌ ဖြစ်ပွားခဲ့သော ခရီးသည်တင်ယာဉ် မတော်တဆမှုတွင် လူ ၂၆ ဦးသေဆုံးပြီး ၄၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းခရီးသည်တင်ယာဉ်သည် မြို့တော် ခတ္တမန္ဒူမှ ထွက်ခွာလာပြီးနောက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်တွင် လမ်းမပေါ်၌ အရှိန်မထိန်းနိုင်ဘဲ မီတာ ၃ဝဝ အကွာအထိ ကျွမ်းထိုးမှောက်ခုံ လွင့်စင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အခြားယာဉ်မတော်တဆမှုတစ်ခုမှာ Baitadi ခရိုင် Siddheshwor ကျေးရွာ၌ ဖြစ်ပွားခဲ့ပြီး လူ သုံးဦးသေဆုံးကာ ၃ဝ ခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ အခင်းဖြစ်နေရာသို့ နီပေါရဲတပ်ဖွဲ့ဝင်များသွားရောက်၍ ကယ်ဆယ်ရေးဆောင်ရွက်နေသလို နီပေါစစ်တပ်ကလည်း ရဟတ်ယာဉ် စေလွှတ်၍ ဒဏ်ရာရသူများအား ခတ္တမန္ဒူမြို့ရှိ ဆေးရုံးများသို့သယ်ဆောင်နိုင်ရန် အကူအညီပေးခဲ့သည်။
အခြား ဒဏ်ရာရသူ ၁၅ ဦးကိုမူ ဒေသတွင်း Dhulekhel ဆေးရုံ၌ ဆေးဝါးများကုသပေးနေကြောင်း သိရသည်။ ထို့ပြင် Baitadi ၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုမှ ဒဏ်ရာရသူများကို Dadeldhura ခရိုင်အတွင်းရှိ ဒေသန္တရလက်အောက်ခံ ဆေးရုံသို့လည်း ပို့ဆောင်ဆေးကုသပေးနေကြောင်းသိရသည်။
အဆိုပါ မတော်တဆမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ခရီးသည်တင်ယာဉ်များသည် သတ်မှတ်လူဦးရေထက်ကျော်လွန်ကာ ခရီးသည်အလွန်အကျွံတင်ဆောင်လာခြင်းကြောင့် တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ “ အဲဒီလို ခရီးသည်အလွန်အကျွံတင်ဆောင်တဲ့ အကျင့်တွေကို ထိန်းချုပ်ဖို့ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.