Connect with us

Asia

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း ကျန်းမာရေး စစ်ဆေးမှု ရလဒ် ပုံမှန်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းအား သြဂုတ်လ ၂၁ ရက်က တီဗွီ မြင်ကွင်းမှတဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) သည် သြဂုတ်လ ၂၁ ရက်က စင်ကာပူ အမျိုးသား နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် လဲကျသွားခဲ့ပြီးနောက် စင်ကာပူ ပြည်သူ့ ဆေးရုံကြီး (SGH) ၌ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရာ အားလုံး ပုံမှန် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘယ်လ်လာ ခရစ်ရှ်နန်က သြဂုတ်လ ၂၂ ရက်က ၎င်း၏ ဖေ့ဘွတ်ခ်၌ ဖော်ပြထားသည်။

ဝန်ကြီးချုပ် လီသည် အပူနှင့် ရေဓာတ် ကုန်ခမ်းခြင်းများကြောင့် အချိန်ကြာကြာ မတ်တပ် မရပ်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း၊ ၎င်း၏ နှလုံးသည် အခြေအနေ ကောင်းမွန်ကြောင်းနှင့် လေဖြတ်ခြင်းလည်း မရှိကြောင်းဟု ဝန်ကြီး ချုပ် ရုံးက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်သည် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် လဲကျ သွားခဲ့ခြင်း ဖြစ်ပြီး တစ်နာရီခန့် အကြာ အနားယူခဲ့ရကြောင်း၊ ထို့နောက် ၁၅ မိနစ်ကြာ ပြန်လည် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် စင်ကာပူ ပြည်သူ့ ဆေးရုံကြီးကို သွားကာ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် စစ်ဆေးမှု ရလဒ်များအရ ကျန်းမာရေး က ပုံမှန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.