Connect with us

Asia

ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း လူပေါင်း ၁,၈၀၀ နီးပါး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရော်နယ် ဒီလာ ရိုဆာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မနီလာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဇူလိုင်လ ၁ ရက်မှစ၍ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း သေဆုံး ခဲ့သူ ၁,၇၇၉ ဦး နီးပါးရှိကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရော်နယ် ဒီလာ ရိုဆာက သြဂုတ်လ ၂၂ ရက်က ပြောကြားလိုက်သည်။

၎င်းက လွှတ်တော်အတွင်း မေးမြန်းမှုအတွက် ဖြေကြားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ ၇၁၂ ဦးသည် ရဲတပ်ဖွဲ့ စစ်ဆင်ရေး အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားလူ ၁,၀၆၇ ဦးသည် အခြားသူများ ပါဝင် ပတ်သက်မှု ပယောဂကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် လူသတ်မှုများသည် ဥပဒေကို ဆန့်ကျင်ကာ ပြုလုပ်သည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့၏ ရပ်တည်ချက်အား ဒီ လာ ရိုဆာက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ရဲ တစ်ယောက်က ဥပဒေ ချိုးဖောက်ပြီး အကြမ်းဖက်မှု လုပ်ဆောင်တာ တွေ့ခဲ့ရင် သူဟာ စုံစမ်းစစ်ဆေးခံရ တာ၊ တရားစွဲဆိုခံရတာနဲ့ ဥပဒေအရ အပြစ်ပေးတာကို ခံရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အခြားသူများ ပါဝင် ပတ်သက်မှု ပယောဂကြောင့် သေဆုံးခဲ့ခြင်း အပေါ် ထင်မြင်ချက်ပေးရမည် ဆိုပါက ဖိလစ် ပိုင် အမျိုးသား ရဲတပ်ဖွဲ့ အနေဖြင့် ထိုသို့ သေဆုံးခြင်းများအား လျစ်လျူရှုမည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် အစောပိုင်းကတည်းက ထုတ်ဖော်ပြောထားသလို ယခုလို သေဆုံးမှုများတွင် တရားမဝင် မူးယစ်ဆေး ရောင်း ဝယ်မှုများ၌ အဖွဲ့အစည်းများစွာက ပါဝင် ပတ်သက်နေကြောင်း ပြောကြားခဲ့သည်။
အစိုးရ၏ မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း သေဆုံးသူ အရေအတွက် မြင့်တက်လာ ခြင်းအား ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက အာရုံစိုက်လာခဲ့သည်။
အဆိုပါ အမှုအပေါ် ဝေဖန်မှုများ ကြီးထွားနေသော်လည်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးကမူ စွပ်စွဲချက် များအား အလေးထားမည် မဟုတ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအား သနားညှာတာမှုမဲ့စွာဖြင့် ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ဆင်မှု တစ်ခုစီတိုင်း၌ ပျမ်းမျှ ရဲအရာရှိ နှစ်ဦး သို့မဟုတ် သုံးဦး ဆုံးရှုံးလျက်ရှိသည့်အတွက် ကြေကွဲဝမ်းနည်း ရကြောင်း သမ္မတက ဆိုသည်။
မူးယစ်ဆေးစွဲခြင်းသည် ကပ်ရောဂါသဖွယ် ဖြစ်လာခဲ့ပြီး အနည်းဆုံး ဖိလစ်ပိုင် နိုင်ငံသား ၃.၇ သန်းခန့် မူးယစ် ဆေးဝါးများ သုံးစွဲနေကြောင်း၊ ဒူတာ တေးသည် ဇွန်လ ၃၀ ရက်ကစ၍ သမ္မတ ရာထူူး စတင်တာဝန်ယူပြီး စစ်ဆင် ရေး ကြေညာခဲ့ပြီးနောက် မူးယစ် ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူ ခြောက်သိန်းခန့်က အဖမ်းခံကာ မူးယစ်ဆေး စစ်ဆေးမှု ခံယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.