Connect with us

Asia

တောင်ကိုရီးယားတွင် ငါးဖမ်းလှေတိမ်းမှောက်မှုကြောင့် လူ ၃ဦးသေ၊ ၂ဦး ပျောက်ဆုံး

တောင်ကိုရီးယားတွင် ယခင်က တိမ်းမှောက်ခဲ့သည့် လှေတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းအလွန်ရှိ ရေပြင်တွင် ငါးဖမ်းလှေတစ်စီးတိမ်းမှောက်ခဲ့ရာ လူ ၃ဦးသေဆုံးပြီး အခြားလူ ၂ဦးပျောက်ဆုံးနေကြောင်း ပြည်တွင်းသတင်းတစ်ခု က ဇန်နဝါရီ ၁၁ရက်တွင် ဖော်ပြခဲ့သည်။

လူ ၁၄ဦးကို သယ်ဆောင်လာသော ၉.၇၇တန်ရှိ ရေယာဉ်သည် နိုင်ငံတောင်ပိုင်း Gyeongsang ပြည်နယ် Tongyeong မြို့ရှိ Yokji ကျွန်း၏ တောင်ဘက် ၈၀ကီလိုမီတာ ခန့်တွင် ဒေသစံတော်ချိန် နံနက် ၅နာရီက တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။အဆိုပါ လူ ၁၄ဦးတွင် ကပ္ပတိန် တစ်ဦး၊ သင်္ဘောသားတစ်ဦး နှင့် ငါးဖမ်းသူ ၁၂ဦး ပါဝင်ပြီး ကပ္ပတိန် နှင့် အခြား လူ ၂ဦးကို သတိမေ့မြောလျက်တွေ့ရှိခဲ့ကာ ၎င်းတို့အား ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခြားလူ ၉ဦးကို အသီးသီးကယ်ဆယ်နိုင်ခဲ့ပြီး အခြေအနေကောင်းမွန်ကာ ၂ဦးပျောက်ဆုံးနေကြောင်း သိရသည်။တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့သည် ကင်းလှည့်ရေယာဉ် ၁၄စီး နှင့် ရဟတ်ယာဉ် ၄စီး ဖြန့်ကျက်ကာ ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေနေပြီး ရေတပ်မှ ရေယာဉ် ၄စီး ကလည်း အဆိုပါ ရှာဖွေမှုတွင် ကူညီပါဝင်ခဲ့ကြောင်း သိရသည်။ကယ်ဆယ်ရရှိသူများ၏ပြောကြားချက်အရ ငါးဖမ်းလှေသည် အခြား ရေယာဉ်တစ်စီး နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)