Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် အဆောက်အဦ ပြိုကျမှုကြောင့် အနည်းဆုံး ၉ ဦး သေဆုံးနိုင်ခြေရှိ

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ပြိုကျခဲ့သည့် ဆောက်လက်စ အဆောက်အဦ တစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Pune မြို့တွင် ဇူလိုင်လ ၂၉ က ဆောက်လက်စ အဆောက်အဦ တစ်လုံး၏ အစိတ်အပိုင်း တစ်ချို့ ပြိုကျမှု ကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးနိုင်ခြေ ရှိကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက မွမ်ဘိုင်းမြို့မှ ၁၆၀ ကီလိုမီတာ အကွာရှိ Pune မြို့တွင် နံနက်ပိုင်းက ဆောက်လက်စ ၁၃ ထပ် အဆောက်အဦ၏ အစိတ်အပိုင်း တစ်ချို့ ရုတ်တရက် ပြိုကျခဲ့ပြီး ထိုအချိန်၌ ဆောက်လုပ်ရေး ဝန်ထမ်း ၉ ဦး အလုပ် လုပ်နေကြောင်း ပြောကြားခဲ့သည်။

မီးသတ် ဝန်ထမ်းများသည် ပြိုကျခဲ့သော အဆောက်အဦ အပျက်အစီးများကြားထဲတွင် ပိတ်မိနေသည့်ဟု ယူဆရသော အလုပ်သမားများကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပြည်တွင်း ရုပ်သံလိုင်းများ၏ ထုတ်လွှင့်မှုအရ ဆောက်လုပ်ရေး အလုပ်သမားများသည် ဆောက်လုပ်ရေး ဦးထုပ်ကဲ့သို့သော အကာအကွယ် ပစ္စည်းများ ဝတ်ဆင်ထားခြင်း မရှိသောကြောင့် ၎င်းတို့၏ အသက်ရှင်နိုင်မှု ရာခိုင်နှုန်း နည်းပါးလှကြောင်း သိရသည်။

Pune မြို့တော်ဝန် Prashant Jagtap က အရပ်ဘက် အာဏာပိုင် အဖွဲ့အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် အလုပ်သမားများ၏ အသက်အန္တရာယ် လုံခြုံရေး အတွက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲအရာရှိကလည်း အဆောက်အဦ ပြိုကျရခြင်း အကြောင်းအရင်းအား စုံစမ်းရန် အမိန့်ပေးထားပြီး အဆောက်အဦ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ပေါ့ဆမှုများ တွေ့ရှိပါက တရားခံအား ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အလယ်အလတ် လူတန်းစားများအတွက် တန်ဖိုးနည်း အဆောက်အဦများ ဆောက်လုပ်ရာတွင် အရည်အသွေး မပြည့်မီသော ဆောက်လုပ်ရေး ပစ္စည်းများအသုံးပြုမှု နှင့် ဘေးအန္တရာယ် လုံခြုံရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအားနည်းခြင်းတို့ကြောင့် အဆောက်အဦ ပြိုကျမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117