Connect with us

Asia

တရားမဝင် အရက် သောက်သုံးမှုကြောင့် အိန္ဒိယ အရှေ့ပိုင်းတွင် အနည်းဆုံး လူ ၁၃ ဦး သေဆုံး

တရားမဝင် အရက် သောက်သုံးမှုကြောင့် ဆေးရုံတွင် တက်ရောက် ကုသနေသည့် အိန္ဒိယ အမျိုးသားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာ အပူပိုင်း ပြည်နယ်တွင် တရားမဝင် အရက်သောက်သုံးပြီးနောက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောသည်။

အစိုးရ ဆေးရုံ၌ တင်ထားရသူ ၅ ဦးသည်လည်း အသက်ရှင်နိုင်ရေးအတွက် အသည်းအသန် ကြိုးစား နေရဆဲ ဖြစ်သောကြောင့် သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုသူ အဆိုပါ ရဲအရာရှိက ပြောသည်။
ယင်း မတော်တဆမှုသည် Gopalganj ခရိုင်၌ သြဂုတ်လ ၁၆ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အရက် သောက်သုံးပြီးနောက် အသက်ရှုကျပ်လာခြင်း၊ အစာအိမ်အောင့်ခြင်း၊ အန်ခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရ ကြောင်း သိရသည်။
“လူ ၁၃ ယောက်ကတော့ မနေ့ညကထဲက အခြေအနေ ဆိုးဝါးနေခဲ့ပြီး ဆေးရုံရောက်ပြီး တစ်နာရီအတွင်း သေဆုံးသွားခဲ့တယ်၊ ကျန်တဲ့ ၅ ယောက်ကလဲ စိုးရိမ်ရတဲ့ အခြေအနေပါပဲ” အထက်ပါ အရာရှိက ပြောသည်။
ထို သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ပြည်နယ် အစိုးရက ညွှန်ကြားထားပြီး ဘီဟာပြည်နယ်တွင် ပြည်နယ် ဝန်ကြီးချုပ် နိတစ်ရှ် ကူးမားက ရွေးကောက်ပွဲ ကတိပေးချက်အဖြစ် ပြီးခဲ့သည့်နှစ် မတ်လကတည်းက တားမြစ်ပိတ်ပင်ထားခဲ့သော အရက်အား သတိထားမှု မြင့်တက်လာစေခြင်းလည်း ဖြစ်သည်။
ထိုသို့ တားမြစ်ချက်အား ဆန့်ကျင်သည့် ပြည်နယ်တစ်ဝန်းရှိ လူပေါင်း ၄,၀၀၀ ကျော်အား ရဲများက ဖမ်းဆီးခဲ့ သော်လည်း ယခု ဖြစ်ပွားခဲ့သည့် တရားမဝင် အရက်သောက်သုံးမှုကြောင့် အဖြစ်ဆိုးအတွက်မူ တစ်ဦး တစ်ယောက်မျှ ဖမ်းဆီးထားခြင်း မရှိသေးပေ။
“ဒီအမှုအတွက်ကြောင့် ဖမ်းဆီးမိတဲ့ မည်သူမဆို ပြစ်ဒဏ်ကျခံရမယ်” ဟု အဆိုပါ ရဲ အရာရှိက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.