Connect with us

Asia

တရုတ်နိုင်ငံက ကုန်သွယ်ရေး ကဏ္ဍတွင် အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင် ကြောင်းပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏လက်ကိုင်ဖုံး ကုမ္ပဏီကြီးဖြစ်သော ဟွာဝေးက၎င်း၏ 5G နည်းပညာကို စပိန်နိုင်ငံ၊ဘာစီလိုနာမြို့တွင် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလကခင်းကျင်းပြသစဉ်(ဆင်ဟွာ)

ပေကျင်း၊စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံကုမ္ပဏီများနှင့် အခြားနိုင်ငံများအကြားသာမန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ်တာဝန်မဲ့ဝေဖန်ပြောဆိုမှုများကဗိုလ်ကျစိုးမိုးမှုဝါဒကိုကျင့်သုံးခြင်း သာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေနှင့်ထိုသို့ပြုမူခြင်းကိုပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းတရုတ် အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) ကစက်တင်ဘာလ ၆ ရက်ကပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ မိုက်ပန့်စ်(Mike Pence) က အိုက်စလန်နိုင်ငံသို့သွားရောက် လည်ပတ်စဉ် အမေရိကန်နိုင်ငံ နှင့်အိုက်စလန် နိုင်ငံတို့သည် 5G ကွန်ရက်များတည်ဆောက်မှုအပေါ် အမေရိကန်နိုင်ငံ၏စိုးရိမ်မှုအပေါ် ဆွေးနွေးခဲ့ကြကြောင်း နှင့် အမေရိကန်နိုင်ငံ၏ မဟာမိတ်များအား ဟွာဝေးကုမ္ပဏီ၏ 5G နည်းပညာများကိုဆန့်ကျင်သွားကြရေးတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်း ထောက်များအားပြောခဲ့သည်။

ကိန်းစွမ် က 5G နည်းပညာကနိုင်ငံတကာအဖွဲ့အစည်းနှင့်ကမ္ဘာကြီးသို့တရုတ်နိုင်ငံကမျှဝေပေးမှုမှပေါ် ပေါက်လာသည့်အခွင့်အလမ်းများ ဖြင့်ဖက်စပ်တီထွင်ခဲ့မှုဖြစ်ကြောင်းလည်းပြောခဲ့သည်။ထို့ပြင်၎င်းက 5G နည်းပညာအား နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ် ဖန်တီးအမြတ်ထုတ်ကာမျှတမှုမရှိသောချဉ်းကပ်မှု က နိုင်ငံတကာအဖွဲ့အစည်း၏ ဘုံအကျိုးစီးပွားများနှင့် ကိုက်ညီမှုမရှိကြောင်းလည်း ပြောခဲ့သည်။

ကိန်းစွမ် ကတရုတ်နိုင်ငံအစိုးရအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအား စီးပွားရေးအခြေခံမူများ၊ နိုင်ငံတကာစည်းမျဉ်းများနှင့် ပြည်တွင်းဥပဒေများနှင့်အညီ ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ် ကြရန် အစဉ်အမြဲအားပေးနေကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။

၎င်းက အမေရိကန်အစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးကိစ္စ ဟူသည့်အကြောင်းအပေါ် အလွဲသုံးစား ပြုလုပ်အသုံးချကာ တရုတ်ကုမ္ပဏီများအပေါ်ဖိနှိပ်အနိုင်ကျင့်မှုကို လုံးဆန့်ကျင်ကြောင်းနှင့်တရုတ်ကု မ္ပဏီများ၏ ပုံမှန်ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်အနေဖြင့်မှားယွင်းသော လုပ်ရပ်များကိုရပ်ဆိုင်းကာ မျှတခွဲခြားမှုမရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လည်း ပြောကြားခဲ့ ကြောင်းသိရသည်။(Xinhua)