Connect with us

Asia

ဘန်ကောက်မြို့လယ်ခေါင်ရှိ မြေအောက်ရထားဘူတာရုံအနီး ပိုက်ဗုံးတစ်လုံးတွေ့ရှိ

ဘန်ကောက်မြို့ ရှိ မြေအောက် ဘူတာရုံ တွင် ရှာဖွေတွေ့ရှိခဲ့သော ပိုက်ဗုံးတစ်လုံး အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဗုံးရှင်းလင်းရေးအဖွဲ့(EOD) အရာရှိများက မြို့တော် ဘန်ကောက်မြို့ ရှိ ထိုင်းနိုင်ငံ ယဉ်ကျေးမှုစင်တာ မြေအောက် ဘူတာရုံ ထွက်ပေါက် နံပါတ် (၁) အနီးတွင် ပိုက်ဖြင့် ပြုလုပ်ထားသော ဗုံးတစ်လုံးကို မေလ ၃၀ ရက် ကရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အငှားမော်တော်ဆိုင်ကယ်မောင်းနှင်သူ တစ်ဦး က မြေအောက်ဘူတာရုံအနီးတွင် အနက်ရောင် ပလက်စတစ်အိတ်ဖြင့် ထုပ်ထားသော သံသယဖြစ်ဖွယ်ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း Huai Khwang ခရိုင် ရဲအရာရှိများအား မေလ ၃၀ ရက် နေ့လည်ပိုင်းက အကြောင်းကြားခဲ့၍ ယင်းမသင်္ကာဖွယ် ပစ္စည်းအား EOD အရာရှိများက စစ်ဆေးကြည့်ရာ ဖောက်ခွဲရေးပစ္စည်းတစ်ခုဖြစ်နေသည်ကိုတွေ့ရှိခဲ့ကြောင်း ထိုင်းမီဒီယာ Komchadluek ကဖော်ပြခဲ့သည်။

အရာရှိများကို ဗုံးအား အသက်မဲ့အောင် ပြုလုပ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ရိုက်ယူခဲ့သော ဓါတ်ပုံများအရ သိရသည်။

ထိုင်းနိုင်ငံ ရဲချုပ် Chakthip Chaijinda က ယခုတွေ့ရှိခဲ့သည့် ဗုံးသည် မကြာသေးမီက ဘန်ကောက်မြို့တွင် ပေါက်ကွဲခဲ့သည့် ဗုံးသုံးလုံး နှင့် ဆက်စပ်မှုရှိ၊ မရှိကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း နှင့် ယင်းဖြစ်စဉ်ကို အရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ တွင် ဧပြီလက ထီရုံဟောင်းအပြင်ဘက်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မေလ အစောပိုင်းတွင် အမျိုးသားကဇာတ်ရုံအပြင်ဘက်၌ နောက်ထပ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားပြီးနောက် မေလ ၂၂ ရက်တွင် ထိုင်းနိုင်ငံ စစ်တပ်၏ Phra Mongkutklao ဆေးရုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ၂၀ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး အခြားလူအနည်းငယ် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.