Connect with us

Asia

အာရှဖွံ့ဖြိုးရေးအတွက် ခေတ်သစ်ပိုးလမ်းမကြီးသည် အရေးကြီးကြောင်း စင်္ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်ပညာရှင်က ဆို

၂၀၁၆ခုနှစ် ဧပြီလ ၁၆ ရက်က ချုံချင့်တွင် ကျင်းပခဲ့သည့် တရုတ်-စင်္ကာပူ မဟာဗျူဟာမြောက် အပြန်အလှန်ဆက်သွယ်မှုစီမံကိန်း ဆွေးနွေးပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

စင်္ကာပူ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးသည် အာရှဖွံ့ဖြိုးရေးအတွက် အရေးကြီးကြောင်း စင်္ကာပူနိုင်ငံ နန်ယန်း နည်းပညာတက္ကသိုလ်(Nanyang Technological University)ပညာရှင် လျောင့်ကျန့်ယန်က ဆင်ဟွာ၏အင်တာဗျူးကို လက်ခံဖြေကြား ရာတွင် ပြောကြားခဲ့သည်။

အာရှဒေသ နိုင်ငံများသည် စီးပွားရေးတစ်ဆင့်တိုးဖွံ့ဖြိုးစေရန် အခြေခံအဆောက်အဦ ကောင်းမွန် အောင် ပြုပြင်ရန် အရေးတကြီးလိုအပ်နေရာ ခေတ်သစ်ပိုးလမ်းမကြီးသည် အာရှဖွံ့ဖြိုးရေးအတွက် အရေးကြီးကြောင်း စင်္ကာပူပညာရှင် လျောင့်ကျန့်ယန်က ဆိုသည်။

အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အာရှအလယ်ပိုင်းဒေသများရှိ နိုင်ငံအချို့အတွက်ဆိုရလျှင် ကုန်းကြောင်းလမ်းသည်သော်လည်းကောင်း ရေကြောင်းလမ်းသည်သော်လည်းကောင်း အခြေခံ အဆောက်အဦ ကောင်းမွန်အောင်ပြုပြင်တည်ဆောက်ခြင်းသည် ၎င်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းလုံး အကြား supply chain ချိတ်ဆက်မှုများကို အကူအညီအထောက်အပံ့ဖြစ်စေမည်ဖြစ်ရာ လက်ရှိ အာရှတိုက်ရှိ ဒေသများတွင်မူ လမ်းပန်းဆက်သွယ်အဆင်မပြေမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

အာရှအလယ်ပိုင်းဒေသများတွင် သဘာဝဓာတ်ငွေ့စသည့် သဘာဝသယံဇာတများ ပေါများသော် လည်း သဘာဝဓာတ်ငွေ့တူးဖော်ရေးနှင့်သယ်ယူပို့ဆောင်ရေးမှာ ကောင်းမွန်သည့် အခြေခံ အဆောက်အဦများ လိုအပ်ကြောင်း ၊ ကုန်သွယ်စီးပွားကူးသန်းမှုမှာ အရှေ့တောင်အာရှနိုင်ငံများ အတွက် အထူးအရေးကြီးရာ ပင်လယ်ဆိပ်ကမ်းအဆောက်အဦများသည် ကုန်သွယ် စီးပွားကူးသန်း ရောင်းဝယ်မှု၏ ကနဦးလိုအပ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေခံအဆောက်အဦတည်ဆောက်မှုမှာ နိုင်ငံနှင့်ဒေသများအကြား အပြန်အလှန်ဆက်နွယ် ချိတ်ဆက်နိုင်မှုကို ထောက်ကူနိုင်ရုံသာမက စီးပွားရေးလျှင်မြန်စွာတိုးတက်နိုင်ရန် အခြေအနေများကို ဖန်တီးပေးခြင်းဖြစ်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများကို ပိုမိုသယ်ဆောင်ပေးမည် ဖြစ်သည်။ “အသစ်တည်ဆောက်ထားတဲ့ ရထားလမ်းသစ်တစ်လျှောက်မှာ ဘူတာရုံဘယ်နှစ်ခု ရှိမယ် ဆိုတာကို ရေတွက်ကြည့်ပါ ၊ ပြီးတော့ အဲဒီဘူတာရုံတိုင်းရဲ့ အနီးတဝိုက်မှာ အသေးစား စက်မှုဇုန် ဒါမှမဟုတ် စီးပွားရေးဇုန်တစ်ခု တည်ဆောက်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်များ တိုးလာမလဲဆိုတာ တွက်ချက်ကြည့်ပါ၊ ဒါဆိုရင် ခေတ်သစ်ပိုးလမ်းမကြီးက ဒေသလူမှုအသိုက်အဝန်းအတွက် ဘယ်လောက်အကျိုးဆောင်နိုင်မလဲဆိုတာ ရှင်းလင်းစွာ ပုံဖော်ကြည့်လို့ရပါတယ်။ ”ဟု လျောင့်ကျန့်ယန်က ဆိုသည်။

စင်္ကာပူအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အဆိုပြုချက်ကို အားပေးထောက်ခံရာ ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် စင်္ကာပူ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဌာနတို့ အတူပူးပေါင်း၍ အာရှအခြေခံအဆောက်အဦရေးရာရုံးကို ဖွင့်လှစ်ခဲ့ ကြောင်း ၊ အဆိုပါရုံးမှာ စင်္ကာပူ၏ စီးပွားရေးလုပ်ငန်းများနှင့်ဘဏ္ဍာရေးဌာနအဖွဲ့အစည်းများက ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းအပါအဝင် အာရှအခြေခံအဆောက်အဦတည်ဆောက်ရေးနှင့် ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုများတွင် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဆိုသည်။

အစောပိုင်း ဆူးကျိုး စက်မှုဥယျာဉ် ၊ထျန်ကျင်း Eco-city မှစ၍ တရုတ်-စင်္ကာပူ နှစ်နိုင်ငံ မဟာဗျူဟာမြောက် အပြန်အလှန်ဆက်သွယ်မှု စီမံကိန်းဖြစ်သည့် ချုံချင့်စီမံကိန်း အထိ နှစ်နိုင်ငံ အစိုးရကြားတွင် ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်တွဲပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများစွာရှိကြောင်း ၊အနာဂတ်တွင် စင်္ကာပူနိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးအတွက် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ဝန်ဆောင်မှုများ လုပ်ဆောင်သွားရန် လိုလားလျက်ရှိရာ တရုတ်နိုင်ငံနှင့် အတူ တတိယဈေးကွက်(Third party market) ကို ချဲ့ထွင်သွားလိုကြောင်း ပညာရှင် လျောင့်ကျန့်ယန်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.