Connect with us

Asia

တရုတ်-လာအို နှစ်နိုင်ငံ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုသည့် လာအိုနိုင်ငံ၏ ပထမဆုံး ရေနံသန့်စင်စီမံကိန်း ထုတ်လုပ်မှုလုပ်ငန်းများ တရားဝင် စတင်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် Lao Petroleum & Chemical Co. Ltd (Laopec)၏ ရေနံသန့်စင်စက်ရုံ မြင်ကွင်းအား နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

Lao Petroleum & Chemical Co. Ltd (Laopec)၏ တစ်နှစ်လျှင် ရေနံတန်ချိန် ၃ သန်း သန့်စင်ပေးနိုင်သည့် စီမံကိန်း၏ ပထမကာလ ထုတ်လုပ်မှုလုပ်ငန်းများကို နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ၎င်းစီမံကိန်းသည် တရုတ်-လာအို နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများအတူ ရင်းနှီးမြှုပ်နှံထားသည့် လာအိုနိုင်ငံ၏ ပထမဆုံး ရေနံသန့်စင် စီမံကိန်း တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် လာအိုနိုင်ငံ၏ရေနံဓာတုစက်မှုလုပ်ငန်း၏ လစ်ဟာမှုကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ရာ ရေနံကုန်ချောကို သွင်းကုန်အနေဖြင့်သာ လုံးဝအားထားရသည့် လက်ရှိအခြေအနေကို ပြောင်းလဲနိုင်တော့မည် ဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ထုတ်လုပ်မှုလုပ်ငန်းစတင်လည်ပတ်ခြင်းအခမ်းအနားကို လာအိုနိုင်ငံ ဗီယင်ကျန်းနှင့် တရုတ်နိုင်ငံ ယူနန်တွင် နှစ်ပွဲခွဲ၍ တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်သည့်ပုံစံဖြင့် ချိတ်ဆက် ကျင်းပခဲ့သည်။

 Lao Petroleum & Chemical Co. Ltd (Laopec)၏ ရေနံသန့်စင် စီမံကိန်း ထုတ်လုပ်မှုလုပ်ငန်း စတင်လည်ပတ်ခြင်း အခမ်းအနားကို ဗီယင်ကျန်းတွင် နိုဝင်ဘာ ၃၀ ရက်က ကျင်းပစဉ်(ဆင်ဟွာ)

လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟို နိုင်ငံရေးဗျူရိုကော်မတီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ရင်းနှီးမြုပ်နှံရေး ဝန်ကြီးဌာန ဝန်ကြီး Sonexay Siphandone၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Zhang Zaidongတို့က လာအိုနိုင်ငံ၌ကျင်းပသည့် အခမ်းအနားတွင်လည်းကောင်း၊ ယူနန်ပြည်နယ် ပြည်နယ်မှူးကိုယ်စား Wang Yuboက ယူနန်၌ကျင်းပသည့် အခမ်းနားတွင်လည်းကောင်း စီမံကိန်း ထုတ်လုပ်မှုလုပ်ငန်းလည်ပတ်မှုကို သက်သေပြုခဲ့ကြသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် Lao Petroleum & Chemical Co. Ltd (Laopec)ဝန်ထမ်းတစ်ဦးက ဓါတ်ခွဲခန်းတွင် နမူနာစမ်းသပ်မှုများ ပြုလုပ်နေသည်ကို နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါစီမံကိန်းသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ Saysettha ဘက်စုံဖွံ့ဖြိုးရေးဇုန်တွင် တည်ရှိရာ ဧရိယာ အကျယ်အဝန်း ၄၂၅ mu(28.3 ဟက်တာ ခန့်)ရှိပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၀၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ခန့်မှန်းထားကာ ကာလ ၃ ပိုင်း ခွဲ၍ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ခေတ်မီရေနံသန့်စင်စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပထမကာလ၏ comprehensive processing capacityသည် တစ်နှစ်လျှင် တန်ချိန် ၁ သန်းရှိကြောင်း ၊ ပုံမှန် လည်ပတ်ထုတ်လုပ်ခြင်းဖြင့် လာအိုနိုင်ငံအတွက် လုံခြုံ၊တည်ငြိမ်သည့် ရေနံကုန်ချောကို ပံ့ပိုးပေးနိုင်မည်ဖြစ်ရာ လာအို၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.