Connect with us

Media

တိုကျို Disneyland က နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲတော်များ တစ်နှစ်တာပတ်လုံး ကျင်းပမည်

တိုကျို ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တိုကျို Disneyland က နှစ် ၄၀ ပြည့် အထိမ်းအမှတ် တစ်နှစ်တာပတ်လုံး ပွဲတော်များ ကျင်းပရန် “Disney Harmony in Color”ဟု ခေါ်သည့် နေ့အချိန် စီတန်းလှည့်လည်ပွဲအသစ်အား ဧပြီ ၁၅ ရက်တွင် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
Zootopia ၊ Moana နှင့် Wreck-it Ralph တို့သာမက အချိန်ကာလကြာမြင့်စွာ လူကြိုက်များသည့် ဒစ္စနေးရုပ်ရှင်များမှ ဇာတ်ကောင်များ ပါဝင်သည့် ၄၅ မိနစ်ကြာ စီတန်းလှည့်လည်ပွဲအား ဧပြီ ၁၀ ရက်တွင် သတင်းမီဒီယာများကို ပြသခဲ့သည်။
၁၉၈၃ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သည့် တိုကျို Disneyland သည် အမေရိကန်နိုင်ငံပြင်ပ ပထမဆုံး ဒစ္စနေးဥယျာဉ် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Tokyo Disneyland to kick off year-long 40th anniversary festivities
Tokyo Disneyland will present a new daytime parade called “Disney Harmony in Color” on Saturday to unveil the year-long festivities commemorating its 40th anniversary.
The 45-minute parade, including characters from Disney movies such as “Zootopia” “Moana” and “Wreck-it Ralph” as well as long-time favorites, was shown to the press on Monday.
Opened on April 15, 1983, Tokyo Disneyland was the first Disney park outside the United States.
Xinhua News Agency correspondents reporting from Tokyo.
(XHTV)