Connect with us

Asia

တောင်ကိုရီးယားကျောင်းသားများ အတွက် အလွန်အရေးပါသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စတင်ကျင်းပ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသည် ပညာကို ဦးစားပေးသည့်နိုင်ငံတစ်ခု ဖြစ်သည့်အလျောက် တောင်ကိုရီးယားကျောင်းသားများသည် အနာဂါတ်အတွက် အရေးကြီးသည့် နှစ်စဉ် ကျင်းပမြဲဖြစ်သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား နိုဝင်ဘာ ၁၇ရက်တွင် စတင်ဖြေဆိုကြရပြီး အစိုးရကလည်း စာမေးပွဲဖြေဆိုသူများအတွက် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ အား ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ (CSAT) အား ဒေသစံတော်ချိန် နံနက် ၈း၄၀နာရီမှ ညနေ ၅း၄၀အထိ နိုင်ငံတစ်ဝန်းရှိ စာစစ်ဋ္ဌာန ၁,၁၈၃ ခု တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

၂၀၁၆ခုနှစ်တွင် ၉နာရီကြာမြင့်မည့် အဆိုပါ ဝင်ခွင့်စာမေးပွဲအားဖြေဆိုရန် အထက်တန်းကျောင်းသားများ နှင့် အထက်တန်းကျောင်းပြီးသူ စုစုပေါင်း ၆၀၅,၉၈၇ဦး စာရင်းပေးသွင်းခဲ့ကြကြောင်း နှင့် ယင်း ဝင်ခွင့်စာမေးပွဲသည် ၎င်းတို့၏ ဘဝလမ်းကြောင်း နှင့် အနာဂါတ်အလုပ်အကိုင်များကို အဆုံးအဖြတ်ပေးနိုင်သည့် စာမေးပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုအား လျှော့ချနိုင်ရန် တောင်ကိုရီးယားအစိုးရက ကုမ္ပဏီများ နှင့် အစိုးရရုံးများ သာမက စတော့ရုံးများကိုလည်း ပုံမှန်ရုံးချိန်ထက် တစ်နာရီနောက်ကျ၍ ဖွင့်လှစ်ရန် ညွှန်ကြားခဲ့သည်။

ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ အချိန်မီရောက်ရှိနိုင်ရန်အတွက် ဘတ်စ်ကားများ နှင့် မြေအောက်ရထားများ သည် နံနက်ပိုင်း၌ အကြိမ်ရေ ပိုမို ပြေးဆွဲသွားပေးသွားမည်ဖြစ်ပြီး စာစစ်ဋ္ဌာနများ ၏ မီတာ ၂၀၀ ပတ်ဝန်းကျင် အတွင်း ရဲတပ်ဖွဲ့ က ယာဉ်သွားလာမှုအား ကန့်သတ်ထားကြောင်း သိရသည်။

အင်္ဂလိပ်စာ နားထောင်မှုစွမ်းရည် စစ်ဆေးသည့် နေ့လည် ၁း၀၀နာရီ၌ ဆူညံသံများအား ရှောင်ရှားနိုင်ရန် လေယာဉ် ပျံသန်းမှု နှင့် ဆင်းသက်မှု အားလုံးကို ၂၅မိနစ် နောက်ကျပြီးမှ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ (CSAT) ၌ ကိုရီးယားဘာသာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားသမိုင်း နှင့် သဘာဝ သိပ္ပံ နှင့် နိုင်ငံခြားဘာသာစကားတစ်ခု နှင့် တရုတ်အက္ခရာ တို့ပါဝင်သည့် ကဏ္ဍ ငါးခု ပါရှိမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.