Connect with us

Asia

တရားမဝင် သစ်မှောင်ခိုမှုကြောင့် အင်ဒိုနီးရှားသစ်ထုတ်လုပ်ရေးလုပ်ငန်း ဒေါ်လာ ၁.၂ ဘီလီယံ ဒဏ်ကြေးချမှတ်ခံရ

အင်ဒိုနီးရှားသစ်တောတွင် တရားမဝင် သစ်မှောင်ခိုသယ်ဆောင်နေသောယာဉ်တစ်စီးအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တရားရုံးချုပ်က တရားမဝင် သစ်မှောင်ခိုထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအား ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ( အင်ဒိုနီးရှားရူပီးယား ၁၆.၂၄ ထရီလီယံ) ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဝန်ကြီးဌာနသည် အဆိုပါ အမှုတွင်အနိုင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားမျှတမှုရှိအောင် ကျနော်တို့ရဲ့ကြိုးပမ်းချက်အတွက် ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါပြီ။ ဒါဟာ အခြားသူတွေကိုလည်း သက်ရောက်မှုတွေပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု ဥပဒေပြုရေးဌာန ညွှန်ကြားရေးမှူးချုပ် Rasio Ridho က သတင်းသမားများအား နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ဒဏ်ကြေးပမာဏသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် အကြီးမားဆုံးဒဏ်ကြေးဖြစ်ကြောင်း Rasio ကဆိုသည်။တရားရုံးထံမှဆုံးဖြတ်ချက် အမိန့်ချမှတ်လိုက်ပြီးနောက် ဝန်ကြီးဌာနအနေဖြင့် အရေးယူမှုကို ချက်ခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ နှင့် မတ်လ များတွင် အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ခရိုင်တရားရုံး နှင့် ပြည်နယ်တရားရုးံများက တရားခံဖက်သို့အနိုင်ပေးခဲ့သည်ကို ဝန်ကြီးဌာနက တရားရုံးချုပ်ထိ အယူခံမှုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Merbau Pelalawan သစ်ထုတ်လုပ်ရေးလုပ်ငန်းစုသည် စူမားတြားကျွန်းပေါ်ရှိ Riau ပြည်နယ်အတွင်းက သစ်တောမြေ ဟက်တာ ၅,၅၉ဝ တွင် သစ်ထုတ်လုပ်ခွင့်ကို အင်ဒိုနီးရှားအစိုးရထံမှ ၂ဝဝ၂ ခုနှစ်တွင် ခွင့်ပြုမိန့်ရရှိခဲ့သည်။

တရားရုံး၏ အမှုစွဲဆိုချက်အရ Merbau Pelalawan သည် သတ်မှတ်ဧရိယာအပြင်ဖက်တွင် ၂ဝဝ၄ ခုနှစ် ၊ ၂ဝဝ၅ ုခုနှစ် နှင့် ၂ဝဝ၆ ခုနှစ်များတွင် သစ်များ မှောင်ခိုထုတ်ယူခဲ့ကြောင်း ၊ ယင်းအတွက် စိုက်ခင်း နှင့် သစ်တောမြေ ၁,၈၇၃ ဟက်တာ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာစက္ကူဈေးကွက် နှင့် ပျော့ဖတ်ဈေးကွက်တွင် ဝယ်လိုအားမြင့်တာလာခြင်းကြောင့် ပြည်နယ်အတွင်းရှိ သစ်တောများကို ပရမ်းပတာခုတ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း Riau ပြည်နယ်အစိုးရက စွပ်စွဲထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.