Connect with us

Asia

အာဖဂန်နစ္စတန်တွင် လက်နက်ကိုင် ပဋိပက္ခ ၂ ခု ဖြစ်ပွား၊လူ ၂၉ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Sari Pul ပြည်နယ်နှင့် အနောက်ပိုင်း Badghis ပြည်နယ်တွင် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းနှင့် ၁၀ ရက် နံနက်ပိုင်းက အစိုးရတပ်နှင့်တာလီဘန်လက်နက်ကိုင်တို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Sari Pul ပြည်နယ် Sayad ဒေသတွင် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက အစိုးရတပ်နှင့် တာလီဘန်လက်နက်ကိုင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း အာဖဂန် မြောက်ပိုင်းဒေသ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Abdul Hadi Jamal က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ပဋိပက္ခဖြစ်ပွားမှုတွင် တာလီဘန် ၁၀ ဦး ၊လုံခြုံရေးဝန်ထမ်း ၇ဦး သေဆုံးခဲ့ပြီး နှစ်ဖက်ဒဏ်ရာရသူ ၅ ဦးစီရှိကြောင်း သိရသည်။ ဒဏ်ရာရသူများတွင် Sayadဒေသ ရဲဌာနအကြီးအကဲတစ်ဦးပါဝင်ကြောင်း သိရသည်။

Badghis ပြည်နယ် Ab Kamari ဒေသတွင်လည်း ဖေဖော်ဝါရီ ၁၀ရက်နံနက်ပိုင်းက အစိုးရတပ်နှင့်တာလီဘန်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လက်နက်ကိုင် ၁၀ ဦး ၊အစိုးရတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး လက်နက်ကိုင် ၁၅ ဦး ၊အစိုးရတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ် အစိုးရ၏ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှု နှစ်ရပ်နှင့်စပ်လျဉ်း၍ တာလီဘန်ဘက်မှ ထုတ်ဖော်ပြောကြားမရှိသေး ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.