Connect with us

Asia

တောင်ကိုရီးယားသို့ သွားရောက်ခဲ့သည့် မြောက်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ နေရပ်သို့ပြန်လည်ရောက်ရှိ

မြောက်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့ အားတွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၈ခုနှစ် ပြုံချန်းဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် Korean Central News Agency (KCNA) က မြောက်ကိုရီးယား အဆင့်မြင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ Kim Yong Nam ဦးဆောင်သော အထူးကိုယ်စားလှယ်အဖွဲ့သည် အင်ချုံးမြို့မှ ၄၅မိနစ်ကြာ လေယာဉ်ခရီးစဉ်ဖြင့် ပြုံယမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ အာဏာရ ကိုရီးယား အလုပ်သမား ပါတီ (WPK) အမြဲတမ်းကော်မတီ မှ ပထမ ဒုတိယ ညွှန်ကြားရေးမှူး Kim Yo Jong လည်း ပါဝင်ကြောင်း သိရသည်။

လေဆိပ်သို့ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့အား အကြီးတန်းအရာရှိကြီးများ နှင့် ကိုရီးယားပြည်သူ့တပ်မတော်မှ ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုခဲ့ကြကြောင်း KCNA၏ ဖော်ပြချက်အရသိရသည်။

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် နှင့် အထူးကိုယ်စားလှယ်အဖွဲ့သည် ဆိုးလ်မြို့ရှိ သမ္မတအိမ်ပြာတော် တွင် ဖေဖော်ဝါရီ ၁၀ရက်က တွေ့ဆုံခဲ့ကြပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် နှင့် ကိုရီးယားကျွန်းဆွယ် အတွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

မွန်သည် မြောက်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ နှင့်အတူ ပြုံချန်းမြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပခဲ့သော ပူးတွဲအမျိုးသမီး ရေခဲပြင်ဂျော်ကီအသင်း နှင့် ဆွစ်ဇာလန်အသင်းတို့ ၏ ပွဲစဉ် နှင့် ဖေဖော်ဝါရီ ၁၁ ရက်က ဆိုးလ်မြို့တွင် ကျင်းပခဲ့သော မြောက်ကိုရီးယားအနုပညာသည်များ ၏ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.