Connect with us

Asia

တောင်ကိုရီးယား နိုင်ငံ တရားရုံး မှ သမ္မတ ဟောင်း ပက်ဂွမ်ဟေး အား ဖမ်းဆီးရန် ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ခဲ့

တောင်ကိုရီးယား နိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေး(Park Geun-hye) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ တရားရုံး သည် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေး(Park Geun-hye) အား ဖမ်းဆီးရန် အမိန့်ကြေညာချက် ကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး ပက်ဂွမ်ဟေး အနေဖြင့် ဆိုးလ်မြို့ရှိ ထိမ်းသိမ်းရေး စခန်းသို့ ရွေ့ပြောင်းနေထိုင်ရတော့မည် ဖြစ်သည်။

ဆိုးလ်မြို့ ဒေသတွင်း ဗဟိုတရားရုံး သည် ဒေသ စံတော်ချိန် မတ်လ ၃၁ ရက်နေ့ နံနက် ၃နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ဖမ်းဆီးရန် အမိန့်စာ ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်တွင် တရားရုံးချုပ်ရှေ့နေအဖွဲ့ မှ တင်ပြခဲ့သည့် သမ္မတ ဟောင်း ပက်ဂွမ်ဟေး အနေဖြင့် သက်သေများကို ဖျက်ဆီးနိုင်ခြေ ရှိသဖြင့် တရားရုံး မှ ဖမ်းဆီးရန် အတည်ပြုပေး ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမိန့်ကြေညာချက် ထုတ်ပြန်ပြီး အချိန် ၁ နာရီ ခန့်အကြာတွင် ပက်ဂွမ်ဟေး အား ဆိုလ်းမြို့ ထိန်းသိမ်းရေး စခန်းသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။ပက်ဂွမ်ဟေး အနေဖြင့် စစ်ဆေးမေးမြန်းရန် ခေါ်ယူခံရပြီး ချိန်မှ စ၍ ယခု ဖမ်းဆီးခံခဲ့ရသည့် အချိန်ထိ မီဒီယာ များထံသို့ မည်သည့် စကားတစ်ခွန်းမှ ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ တရားရုံး အနေဖြင့် ဖမ်းဆီးမှု ဆောင်ရွက်ပြီး နောက် ရက်ပေါင်း ၂၀ စုံစမ်းစစ်ဆေးသည့် အချိန်ကာလ ရရှိမည် ဖြစ်ကာ ထိုနောက်တွင် တရားဝင် တရားစွဲဆိုမှု စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

ပက်ဂွမ်ဟေး အား တရားစွဲဆိုမည့် ရှေ့နေအဖွဲ့ က ပက်ဂွမ်ဟေးသည် သမ္မတ တာဝန် ထမ်းဆောင်စဉ် အတွင်း အခွင့်အာဏာ ကို အသုံးပြုကာ တောင်ကိုးရီးယား ဝမ် ၂၉.၈ ဘီလီယံ လာဘ်ယူမှု နှင့် အရေးကြီး အချက်အလက်များ ပေါက်ကြားစေမှု အပါအဝင် ပြစ်မှုပေါင်း ၁၃ ခုကို ကျူးလွန်ခဲ့ကြောင်း အရေးဆိုခဲ့ပြီး မတ်လ ၂၇ ရက်နေ့က တရားရုံးအား ဝရမ်းထုတ်ပြန်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။တောင်ကိုရီးယား နိုင်ငံ မီဒီယာ များ၏ ဖော်ပြချက်အရ ပက်ဂွမ်ဟေး အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ၁၀ နှစ် အထက် ကျခံရနိုင်ဖွယ် ရှိကြောင်း ဖော်ပြ ခဲ့ကြသည်။

ပက်ဂွမ်ဟေး သည် ယခင် တောင်ကိုရီးယား သမ္မတ ဖြစ်ခဲ့ကြသည့် Roh Tae-woo နှင့် Chun Doo-hwan တို့နောက်ပိုင်း တရားရုံးချုပ်ရှေ့နေ အဖွဲ့ မှ ဖမ်းဆီးရန် လျှောက်တင်ခံရသော တတိယမြောက် သမ္မတဟောင်း တစ်ဦး ဖြစ်လာခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ သမိုင်းတစ်လျှောက် ပထမဦးဆုံး ရာထူးမှ ဖယ်ရှားခံရသည့် သမ္မတ တစ်ဦး ဖြစ်စေခဲ့သည်။(Xinhua)